Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်​ကောင်စီတပ်ကက​လေးမြို့နယ်ရှိ ရွာငါးရွာကိုဝင်​ရောက်ဖျက်ဆီး၊​သောင်းကျန်း​နေ

“ရွာထဲကနေ ရအောင် ထွက်ပြေးလာတဲ့သူတွေပြောပြတာက လမ်းပေါ်တွေမှာ ဒေသခံတွေရဲ့ ရုပ်အလောင်း‌တွေ တွေ့တယ်တဲ့။ကျွန်တော်နဲ့သိတဲ့ အိမ်နီးချင်း အမျိုးသမီးတွေလည်း ပစ်သတ်ခံထားရတယ်”ဟု နတ်ချောင်းကျေးရွာဒေသခံတစ်ဦးက People’s Spring သို့ပြောသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်က အကြမ်းဖက်၍ ထွက်​ပြေးတိမ်း​ရှောင်​နေရ​သော ပြည်သူများ။ဓါတ်ပုံ-က​လေးPDF)

ကလေးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီက ယ​နေ့ည​နေတွင် အင်တာနက်လိုင်းရော ဖုန်းလိုင်းပါ ဖြတ်တောက်ပြီး ​စစ်ကြောင်းထိုးနေကာ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် နေအိမ်များအားမီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေ​ကြောင်းဒေသခံများက​ပြောသည်။

ကလေးမြို့နယ် နတ်ချောင်းကျေးရွာအပါအဝင် ရွာငါးရွာကို စစ်ကောင်စီတပ် ယ​နေ့တွင်ထပ်မံစစ်ကြောင်းထိုးနေပြီး အကြမ်းဖက်တိုက်ခိုက်နေခြင်းဖြစ်သည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်က အကြမ်းဖက်၍ ထွက်​ပြေးတိမ်း​ရှောင်​နေရ​သော ပြည်သူများ။ဓါတ်ပုံ-က​လေးPDF)

“ရွာထဲကနေ ရအောင် ထွက်ပြေးလာတဲ့သူတွေပြောပြတာက လမ်းပေါ်တွေမှာ ဒေသခံတွေရဲ့ ရုပ်အလောင်း‌တွေ တွေ့တယ်တဲ့။ကျွန်တော်နဲ့သိတဲ့ အိမ်နီးချင်း အမျိုးသမီးတွေလည်း ပစ်သတ်ခံထားရတယ်”ဟု နတ်ချောင်းကျေးရွာဒေသခံတစ်ဦးက People’s Spring သို့ပြောသည်။

နတ်ချောင်းရွာ တစ်ရွာတည်းတွင် စစ်ကောင်စီက သတ်ဖြတ်ထားသူ တစ်ရာဝန်းကျင်အထိရှိ‌နေပြီဟု တောထဲတောင်ထဲတွင် စစ်ဘေးရှောင်နေရသည့် ဒေသခံများက ဒီဇင်ဘာ ၂၉ရက်တွင် ပြောထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် ဒီဇင်ဘာ တတိယလပတ်အတွင်း နတ်ချောင်းကျေးရွာကို လေကြောင်းကပါတိုက်ခိုက်ပြီး မြေပြင်တွင်လည်း နေအိမ်များအားမီးရှို့ဖျက်ဆီးခဲ့သည်။ ထို့ပြင် ဒေသခံများအနေဖြင့် စစ်ကောင်စီနှင့်မပူးပေါင်းပါက နေအိမ်များ မီးရှို့ခံရမည်ဟု ခြိမ်း‌‌ခြောက်ထားပြီး စစ်​ကြောင်းအကြိမ်ကြိမ်ထိုးကာ နေအိမ်များကိုမီးရှို့ဖျက်ဆီး၊လုယက်နေခြင်းဖြစ်သည်။

Public Service Announcement

နတ်ချောင်း၊ ချောင်းခွ၊ ဟားခါးလေး၊ ရေစိုနှင့် ပန်းမွန်ချောင်း ကျေးရွာများသို့ စစ်ကြောင်းထိုးလာပြီး အရပ်သားများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များမီးရှို့ဖျက်ဆီးခြင်း၊ အကြမ်းဖက်လုယက်ခြင်းများ ပြုလုပ်လျက်ရှိသဖြင့် ဒေသခံပြည်သူထောင်ပေါင်းများစွာ အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ဘေးလွတ်ရာသို့ ‌ထွက်ပြေးတိမ်းရှောင်နေရသည်ဟု PDF (Kalay)က ဒီဇင်ဘာ ၃၀ တွင် သတင်းထုတ်ပြန်ထားသည်။ယနေ့အ​ခြေအ​နေကိုမူ PDFက​လေးက ထုတ်ပြန်ခြင်းမရှိသေးပေ။

အကြမ်းဖက်စစ်ကောင်စီတပ်ကို PDF (Kalay) ၊ CNDF ၊ Zomi PDF နှင့် ပ.က.ဖ(ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ )၊ က​လေးရိန်းဂျားတပ်ဖွဲ့ စ​သောပူးပေါင်းတပ်ဖွဲ့ များကပူး​ပေါင်းတိုက်ခိုက်​နေသည်။ ထိုအပြင် စစ်ဘေးရှောင်ပြည်သူများကိုလည်းကူညီ ပြုစုစောင့်ရှောက်ပေးနေသည်ဟု PDF (Kalay)က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနသ်ာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးသွားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက ပြည်သူအချို့ကိုပါ ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အဲဒီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက People's Spring ကို ပြောပါတယ်။

သတင်း

ပဲခူးရိုးမဖြတ်လမ်းတစ်ခုဖြစ်သော မြို့ချောင်း-စိန်ကန့်လန့်လမ်းပိုင်းကို စစ်ကောင်စီတပ်က ဘူဒို ဇာများဖြင့်ထိုးကာ ရိုးမအတက်အဆင်းနှစ်နေရာတွင် ဖြတ်တောက်ထားကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့များထံမှ သတင်းရရှိသည်။

သတင်း

လွတ်ငြိမ်း ချမ်းသာခွင့်တွင်မပါဝင်သည့် အကျဉ်းသား၃၀ဦးရှိပြီး ၎င်းတို့ကျခံနေရသည့် ပြစ်ဒဏ်မှ(၃)ပုံ(၁)ပုံထုတ်နှုတ် လျော့ပေါ့ခံစားခွင့်ပြုခဲ့ကြောင်းထုတ်ပြန်သည်။

သတင်း

ဘုတလင်မြို့နယ်တွင်​ စစ်​ကြောင်းထိုး၍ ​ဒေသခံပြည်သူများ အားအကြမ်းဖက်နေသည့်စစ်ကောင်စီတပ်စစ်ကြောင်းကို မုံရွာမြို့ရှိ အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ်( နမခ) မှ လူအင်အား၊လက်နက်နှင့် ရိက္ခာများ ထပ်ဖြည့်တင်းပေးနေ​ကြောင်းစုံစမ်းသိရသည်။