Connect with us

Hi, what are you looking for?

News

ဒီးမော့ဆိုတွင် တိုက်ပွဲထပ်ဖြစ်ပြီး စစ်ကောင်စီတပ်မှ သေဆုံးမှုရှိနိုင်ဟု PDF ထုတ်ပြန်

တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးများ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း၊ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဖော်ပြထား သည်။

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့ရှိ မြို့မရဲခန်းတွင် အမာခံတပ်စွဲထားသည့် အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့ကို ကရင်နီဒေသ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိနိုင်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF)က ထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ ၁ရက်)ညနေ ၄နာရီခွဲ အချိန်မှ တိုက်ပွဲစတင်ခဲ့ပြီး တိုက်ပွဲအတွင်း မဟာမိတ်ပူးပေါင်းတပ်မှ မစိုးရိမ်ရသည့် ထိခိုက်မှုအချို့ရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးများ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း၊ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဖော်ပြထား သည်။

ယမန်နေ့ (ဒီဇင်ဘာ ၃၁ရက်)ကလည်း ဒီးမော့ဆိုရှိ နေရာ ၂ခု၌ စစ်ကောင်စီတပ်ကို ဒီးမော့ဆို PDF၊ လွိုင်ကော်PDF၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ ကရင်နီတပ်မတော်(KA)၊ KGZ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်သူ ၃၀ ခန့်ရှိခဲ့သည်။ ပူးပေါင်း တပ်ဖွဲ့မှလည်း ပြင်းထန်ဒဏ်ရာရသူ တစ်ဦးအပါအဝင် ဒဏ်ရာရသူများရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ဖလူဆိုမြို့နယ်တွင်လည်း ယမန်နေ့က စစ်ကောင်စီတပ်ကို KNDF/KA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့သည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ