အကြမ်းဖက်စစ်ကောင်စီအား စစ်ရေးတုန့်ပြန်မှုအနေဖြင့် ‘ပျံလွှားအောင်’စစ်ဆင်ရေး၏ အစိတ်အပိုင်းများအဖြစ် မြို့နယ် ၁၂ ခုတွင် တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ရန်ကုန်စစ်ဒေသကွပ်ကဲရေးအဖွဲ့ခွဲမှ ယနေ့ (ဇန်နဝါရီ ၁)ထုတ်ပြန်သည်။
အဆိုပါ တိုက်ခိုက်မှုများကို ဒဂုံအရှေ့၊ ဒဂုံမြောက်၊ ဒဂုံတောင်၊ စမ်းချောင်း၊ ရွှေပြည်သာ၊ တာမွေ၊ ဗဟန်း၊ မဂ်လာဒုံ၊ မရမ်းကုန်း၊ အင်းစိန်၊ လှိုင်သာယာနှင့် ကြည့်မြင်တိုင်မြို့နယ်တို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စစ်ရေးအရ တုန့်ပြန်တိုက်ခိုက်မှုများတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ လေးဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
ဒဂုံအရှေ့

Public Service Announcement
ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် တိုးကြောင်လေးနှင့် ရွာသာကြီးဘူတာကြား ရန်ကုန်- မန္တလေးရထားလမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ ထောက်ပို့ရထားအား ဒီဇင်ဘာ ၂၈ ရက်နေ့လယ် ၁၂ နာရီခန့်တွင် မိုင်းသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။
တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သည့် Myanmar Defense Force(Yangon)က TNT မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အလားတူ ဒီဇင်ဘာ ၃၁ ရက် နေ့လယ် ၂ နာရီခန့်တွင် ကျန်စစ်သားလမ်းနှင့် ရာဇာဓိရာဇ်လမ်းထောင့်သို့လာသော စစ်ကောင်စီတပ်အား မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ရန်သူစစ်သားသုံးဦးသေဆုံးကာ ဒဏ်ရာရသူများလည်း ရှိခဲ့သည်။
ထိုတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် HRD(MO8) တပ်ဖွဲ့ဝင်များက
တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်စစ်ဒေသခွဲက ဖော်ပြသည်။
စမ်းချောင်း
စမ်းချောင်းမြို့နယ် ခတ္တာလမ်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးအထောက် အကူပြုရုံးကို ဒီဇင်ဘာ ၂၉ ရက်နေ့လယ်ပိုင်းတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ရုံးအဆောက်အအုံ ပျက်စီးသွားသည်။
ယင်းတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် People Network (PN)အဖွဲ့က
ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ရွှေပြည်သာ
ရွှေပြည်သာမြို့နယ် လှော်ကားတာဆုံအနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ ယာဉ်ထိန်း ရဲစခန်းကို ဒီဇင်ဘာ ၃၁ ရက် နံနက်ပိုင်းတွင် လက်ပစ် ဗုံးဖြစ်တိုက်ခိုက်ခဲ့ရာ ရန်သူတပ်သားတစ်ဦးသေဆုံးပြီး အချို့ဒဏ်ရာရခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ် ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ရွှေတဂုံ PF အဖွဲ့တပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
တာမွေ
တာမွေမြို့နယ်၊ တာမွေဈေးအနီးရှိ ပြည်သူလူထုအား တိုက်ခိုက်ရန်ပြုရာတွင် အကြမ်း ဖက်စစ်ကောင်စီတပ်သားများ ထိန်းချုပ်အသုံးပြုလျက်ရှိသည့် CCTV Control Box ကို ဒီဇင်ဘာ ၃၁ ရက် နံနက် ၇ နာရီခန့်တွင် မီးရှို့ဖျက်ဆီးခဲ့သည်။
ယင်းတိုက်ခိုက်မှုကို ပြည်သူ့ ကာကွယ်ရေးအဖွဲ့များဖြစ်သည့် YPDF-Bahan နှင့် Anonymous Force တပ်ဖွဲ့ဝင်များပူးပေါင်း၍ မီးရှို့ ဖျက်ဆီး ခဲ့ခြင်းဖြစ်သည်။
ဗဟန်း
ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းနှင့် ဆရာစံလမ်းထောင့်အနီး နေရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တပ်ယာဉ်တန်းကို ဒီဇင်ဘာ ၃၁ ရက် နံနက် ၁၀ နာရီခန့်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ရွှေတဂုံ PF အဖွဲ့ တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရန်သူတပ်ဖွဲ့ဝင်နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည် ထုတ်ပြန်ချက်က ဆိုသည်။
မရမ်းကုန်း
မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံရှိ စစ်ကောင်စီတပ်များနေရာယူထားသည့် ရဲကင်းကို
ဒီဇင်ဘာ ၃၁ ရက်နံနက် ၁၀ နာရီခွဲတွင် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုကြောင့် ရန်သူတပ်ဖွဲ့ဝင်ငါးဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
ယင်းတိုက်ခိုက်မှုကို ြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ရွှေတဂုံ PF အဖွဲ့တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အင်းစိန်
အင်းစိန်မြို့နယ် အောင်ဇေယျတံတားပေါ်နှင့် အောင်ဆန်းပုံနှိပ်တိုက်အနီးတို့တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားများကို ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းတွင် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်စစ်ဒေသခွဲက ဖော်ပြ သည်။
မဂ်လာဒုံ
မင်္ဂလာဒုံမြို့နယ် ကြံခင်းစုရပ်ကွက်ရှိ စစ်ကောင်စီ ၏ လေတပ်စခန်းဂိတ်အနီးနှင့် လေတပ်ဝန်းအတွင်း ဒီဇင်ဘာ ၃၁ ရက် ညနေ ၆ နာရီခွဲခန့်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် YUG အဖွဲ့ဝင်များက ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တောင်ဒဂုံ
တောင်ဒဂုံမြို့နယ်၊ ၅၃ ရပ်ကွက်၊ ရတနာပုံလမ်းမကြီးပေါ် ဖြတ်သန်းသွားသည့် စစ်ကောင်စီ တပ်ယာဉ်တန်းကို ဒီဇင်ဘာ ၃၁ ရက် ညနေ ၆ နာရီခွဲခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်များက မိုင်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ယင်းတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
မြောက်ဒဂုံ
မြောက်ဒဂုံမြို့နယ် (၃၇) ရပ်ကွက်ရှိ စစ်ကောင်စီတပ်များတပ်စွဲထားရာ နေရာများကို ဒီဇင်ဘာ ၃၁ ရက် ညပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ဝင်များက မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
ကြည့်မြင်တိုင်
ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်း၊ EPC ရုံးအနီးရှိ စစ်ကောင်စီတပ်များတပ်စွဲထားရာနေရာကို ဒီဇင်ဘာ ၃၁ ရက် ညပိုင်းတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် YUG အဖွဲ့ဝင်များက မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။
အလားတူ ထီးတန်း(၂)လမ်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒီဇင်ဘာ ၃၁ ရက် ညပိုင်းတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ဗမာ့လူငယ်ကွန်ရက်အဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်ရှိ တင်အောင်စိုးဆိုသူ၏ မာစီဒီးအမျိုးအစား မော်တော်ယာဉ် ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
လှိုင်သာယာ
လှိုင်သာယာမြို့နယ် အမှတ် (၂၀)ရပ်ကွက်၊ ဗိုလ်တေဇလမ်းရှိ စစ်ကောင်စီတပ်များတပ်စွဲထားသည့်နေရာကို ဒီဇင်ဘာ ၃၁ ရက် ညပိုင်းတွင် ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ရန်သူစစ်သားအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ရန်ကုန်စစ်ဒေသကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားသည်။
