Connect with us

Hi, what are you looking for?

News

မတ္တရာနယ် လက်ဝဲကြီးကျေးရွာမှ စစ်ကောင်စီသတင်းပေးတစ်ဦး ပစ်ခတ်ခံရ

ဦးကြည်လင်နှင့်ပါလာသူသည် သေနတ်ရှပ်မှန်ခဲ့ကြောင်းဦးကြည်လင်ကိုမူ လူနာတင်ကားဖြင့် ဆေးရုံသို့ခေါ်ဆောင်သွားကြောင်း ၎င်းက ဆိုသည်။

People's Spring
People's Spring

မန္တလေးတိုင်း မတ္တရာမြို့နယ် လက်ဝဲကြီးကျေးရွာမှ အာဏာသိမ်းစစ်ကောင်စီသတင်းပေးတစ်ဦး ယနေ့ နံနက်တွင် ပစ်ခတ်ခံရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ (ဇန်နဝါရီ ၂ရက်)နံနက် ၇နာရီခွဲဝန်းကျင်တွင် လက်ဝဲကြီးကျေးရွာ၏ ရွာလယ်လမ်းမပေါ်၌ စစ်ကောင်စီသတင်းပေးဆိုသူ ရပ်/ကျေးဥက္ကဋ္ဌ ဦးကြည်လင်နှင့် အခြားတစ်ဦးကို သေနတ်သမားက ၆ချက် ပစ်ခတ်ခဲ့ရာ ဦးကြည်လင်ကို ထိမှန်ခဲ့သည်ဟုဆိုသည်။

“ဒီဇင်ဘာလ ၁၄ရက်နေ့တုန်းက လက်ဝဲကြီးကျေးရွာကို စစ်ကောင်စီက ဝင်မွှေတာရှိတယ်။ မနက် ၄နာရီခွဲလောက်မှာ ဝင်မွှေတဲ့အချိန်မှာ အဲဒီ ကြံ့ခိုင်ရေး ရပ်/ကျေး ဥက္ကဋ္ဌ လုပ်တဲ့ ဒလံကြည်လင်ပါလာတယ်။ အဲဒီဟာကို ရွာကမြင်ကြတယ်။ အဲဒီမတိုင်ခင်ကတော့ သူက မြှုပ်နေတာ။ အဲဒီနေ့မှာ သူပေါ်လာပြီးတော့ မနက် ၄နာရီမှာ တစ်ကြိမ်၊ ညနေ ၄နာရီခွဲမှာ တစ်ကြိမ် လက်ဝဲကြီး ကျေးရွာကို ဝင်မွှေတာပေါ့” ဟု ဒေသခံက ပြောသည်။

ဦးကြည်လင်နှင့်ပါလာသူသည် သေနတ်ရှပ်မှန်ခဲ့ကြောင်းဦးကြည်လင်ကိုမူ လူနာတင်ကားဖြင့် ဆေးရုံသို့ခေါ်ဆောင်သွားကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

မတ္တရာနယ်တွင်စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ် ဖော်မှုများ ဆက်လက်ပြုလုပ်နေသကဲ့သို့ စစ်ကောင်စီနှင့် စစ်ကောင်စီလက်ပါးစေများကို ခုခံတိုက်ခိုက်မှုများလည်း လုပ်ဆောင်လျက်ရှိသည့် ဒေသဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။