Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တလေးတိုင်းဝန်ကြီးချုပ်နဲ့ တိုင်းအစိုးရအဖွဲ့ဝင်အချို့ရဲ့ အယူခံကို နေ့ချင်းတွင်းပယ်ချ

ဒီလိုပယ်ချလိုက်တဲ့အပြင် ဒီနေ့မှာ ဆိုရင်လည်း တိုင်းအစိုးရအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ သယံဇာတ ဝန်ကြီး ဦးမျိုးသစ်ကို ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နဲ့ထောင် ၂ နှစ်ထပ်ချလိုက်တယ်လို့ သိရပါတယ်။

NLD အစိုးရလက်ထက် မန္တလေးတိုင်းအစိုးရအဖွဲ့ဝင်တွေကိုတွေ့ရစဉ်

မန္တလေးတိုင်းဝန်ကြီးချုပ်အပါအဝင်တိုင်းအစိုးရအဖွဲ့ဝင်တွေအပေါ် ချမှတ်ထားတဲ့ထောင်ဒဏ်တွေနဲ့ပတ်သက်ပြီး အယူခံဝင်ရာမှာ နေ့ချင်းအတွင်း ပယ်ချ လိုက်တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ လဆန်းပိုင်းက ချမှတ်တဲ့ထောင်ဒဏ်ကို ဒီဇင်ဘာလကုန်ပိုင်းမှာအယူခံတက်ရာမှာ ပယ်ချခံလိုက်ရတယ်လို့ ရှေ့နေအဖွဲ့ဆီက စုံစမ်းသိရပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ၊ စိုက်ပျိုးမွေးမြူရေးဝန်ကြီး ဦးစိုးသန်း ၊ လျှပ်စစ် ၊စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင် ၊ မြို့တော်ဝန် ဦးရဲလွင်တို့အယူခံ ပယ်ချလိုက်တာပါ။

ဒီလိုပယ်ချလိုက်တဲ့အပြင် ဒီနေ့မှာ ဆိုရင်လည်း တိုင်းအစိုးရအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ သယံဇာတ ဝန်ကြီး ဦးမျိုးသစ်ကို ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နဲ့ထောင် ၂ နှစ်ထပ်ချလိုက်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် ဝန်ကြီးချုပ်အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်တွေကို ဖမ်းဆီးတရားစွဲဆို ကာထောင်ချထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကရင်မလင် နန်းတော်မှာ ပူတင်နဲ့ ဆွေးနွေးပြီးတဲ့နောက် သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ အော်ဘန်က သူဟာ ဥရောပတိုက်က ငြိမ်းချမ်းရေးကို လိုအပ်နေတယ်ဆိုတာ ပူတင်ဆီ အသိပေး ရှင်းပြခဲ့တယ်လို့ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အဆိုးဆုံး ရွေးကောက်ပွဲ ရလဒ်မျိုးနဲ့ ကြုံခဲ့ပြီး ဘောရစ်ဂျွန်ဆန် ဦးဆောင်တဲ့ ကွန်ဆာဗေးတစ်တွေကို အရှုံးပေးခဲ့ရတဲ့ ၂၀၁၉ ရွေးကောက်ပွဲကနေ လေဘာပါတီဟာ အံ့ဩစရာ နာလန်ပြန်ထူလာနိုင်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာ

၂၀၁၄ ခုနှစ် ကတည်းက ဝန်ကြီးချုပ် ဖြစ်လာတဲ့ မိုဒီဟာ ပြည်တွင်းမှာ လူကြိုက်များဆဲ ဆိုပေမယ့် အခုနှစ် ရွေးကောက်ပွဲမှာတော့ အဓိကပြိုင်ဘက် ရာဟူလ်ဂန္ဒီ ဦးဆောင်တဲ့ အတိုက်အခံတွေ စုစည်းပြီး သူ့ကို အပြင်းအထန် ဖိအားပေးဖို့ ကြိုးစားခဲ့ပါတယ်။

နိုင်ငံတကာ

လေကြောင်းတိုက်ခိုက်မှုဒဏ်ကြောင့် အဲဒီနေရာမှာ သွေးချောင်းစီးပြီး ဝရုန်းသုန်းကားတွေ ဖြစ်နေတဲ့တိုင် အစ္စရေး မြေပြင်တပ်တွေကတော့ ရာဖားဟ်မြို့လယ်ဆီ ဦးတည်ပြီး တရွေ့ရွေ့ ဆက်လက် ချဉ်းကပ် ချီတက်နေဆဲလို့လည်း သိရပါတယ်။