Connect with us

Hi, what are you looking for?

News

အင်းတော်မြို့နယ်က ဂဟဲရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်နေဟု ဒေသခံများပြော

“သူတို့က PDF တွေရှိတယ်ဆိုပြီး လေယာဥ်နဲ့ဝင်ပစ်တာ။အထိအခိုက်တော့ မသိရသေးဘူး။နောက်ပြီး ဂဟဲရွာက နေအိမ်တချို့တော့ မီးလောင်နေတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတင်းထောက်ပို့တစ်ဦးက ရှင်းပြသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ရဟတ်ယာဥ်အသုံးပြုတိုက်ခိုက်နေကြောင်း ဒေသခံသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဇန်နဝါရီ ၄ ရက်) နံနက်၁၁ နာရီကျော်ကစ၍ အင်းတော်မြို့နယ်ရှိ ဂဟဲရွာကို ဦးတည်၍ အကြမ်း ဖက်စစ်တပ်၏ ရဟတ်ယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

“အသံအကျယ်ကြီး နဲ့ပစ်တာ ရှစ်ခါကြားရတယ်။အသက်လုပြီး ကျွန်တော်တို့လည်း ထွက်ပြေးနေရတုန်းပဲ”ဟု ဂဟဲရွာအနီးနေထိုင်သူ တစ်ဦးက ပြောသည်။

ထို့အပြင် မဲဇာရိုးတစ်လျှောက် ဟဲနုအလယ်ရွာ နှင့် ပိန်းအင်းရွာဘက်တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်က ခြေလျင်စစ်ကြောင်းထိုးလာနေသည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“သူတို့က PDF တွေရှိတယ်ဆိုပြီး လေယာဥ်နဲ့ဝင်ပစ်တာ။အထိအခိုက်တော့ မသိရသေးဘူး။နောက်ပြီး ဂဟဲရွာက နေအိမ်တချို့တော့ မီးလောင်နေတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတင်းထောက်ပို့တစ်ဦးက ရှင်းပြသည်။

ထို့အပြင် အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းလှုပ်ရှားမှုအရ အင်းတော်၊ထီးချိုင့်၊ကသာ နှင့် ကောလင်းဒေသတို့ အနေဖြင့် သတိရှိစွာ ပြင်ဆင်ထားရန်လည်း ၎င်းက တိုက်တွန်းသည်။

ယနေ့ မွန်းလွှဲ ၁၂ နာရီကျော်တွင် မိုးညှင်းမြို့ဘက်မှ ဆင်းလာသော ၂၇ စီးပါ အကြမ်းဖက် စစ်ကောင်စီ ယာဥ်တန်းကို ကျောက်အိုက်ကွင်းကြီး အနီးနှင့် ထီးချိုင့်အနီးတဝိုက် တို့တွင် ဆွဲမိုင်း ၊ ၄၀(မမ) တို့ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး သေဆုံးထိခိုက်မှုကို မသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။