Connect with us

Hi, what are you looking for?

News

နိုင်ငံတကာက အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်မပြုကြောင်း လွတ်လပ်ရေးနေ့သဝဏ်လွှာများက ပြသနေ

ယင်းသဝဏ်လွှာပေးပို့သည့်အကြောင်းကို စစ်ကောင်စီဝါဒဖြန့်သတင်းစာတွင် တစ်မျက်နှာနီးပါး ဖော်ပြထားရာ ရုရှားက ၂ စောင်၊ ကမ္ဘောဒီးယားက ၃ စောင်၊ ဆားဘီးယားနှင့် မြောက်ကိုရီးယား တို့က တစ်စောင်စီ ပေးပို့ထားသည်ကိုတွေ့ရသည်။

▪️ရုရှား၊ ကမ္ဘောဒီးယား၊ ဆားဘီးယားနှင့်မြောက်ကိုရီးယားတို့သာ သဝဏ်လွှာပေးပို့ထား

(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အတွက် အာဏာသိမ်းစစ်ကောင်စီထံ နိုင်ငံ ၄ နိုင်ငံသာသဝဏ်လွှာ ပေးပို့ကြောင်း ယနေ့(ဇန်နဝါရီ ၄ ရက်)ထုတ် စစ်ကောင်စီဝါဒဖြန့်သတင်းများ၏ ဖော်ပြချက်အရ သိရသည်။

ကမ္ဘာတဝန်းရှိ နိုင်ငံအကြီးအကဲများနှင့် နိုင်ငံခြားရေးဝန်ကြီးများမှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ကြောင်း ခေါင်းစဉ်ကြီးကြီးတပ်ထားသော်လည်း ရုရှား၊ ကမ္ဘောဒီးယား၊ ဆားဘီးယားနှင့်မြောက်ကိုရီးယား စသည့် အာဏာရှင်သို့မဟုတ် အာဏာရှင်တစ်ပိုင်း နိုင်ငံ ၄ နိုင်ငံကသာ အကြမ်းဖက်စစ်ကောင်စီထံ ပေးပို့ခြင်းဖြစ်သည်။

ယင်းသဝဏ်လွှာပေးပို့သည့်အကြောင်းကို စစ်ကောင်စီဝါဒဖြန့်သတင်းစာတွင် တစ်မျက်နှာနီးပါး ဖော်ပြထားရာ ရုရှားက ၂ စောင်၊ ကမ္ဘောဒီးယားက ၃ စောင်၊ ဆားဘီးယားနှင့် မြောက်ကိုရီးယား တို့က တစ်စောင်စီ ပေးပို့ထားသည်ကိုတွေ့ရသည်။

Public Service Announcement

Public Service Announcement

အိမ်နီးချင်း အင်အားကြီး တရုတ်နှင့် အိန္ဒိယအပါအဝင် အခြားသောအာဆီယံနိုင်ငံများ၏ သဝဏ် လွှာများကိုမူ မတွေ့ရသေးပေ။

အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ကနေဒါ နိုင်ငံတို့ကမူ ၇၄ နှစ်မြောက်လွတ်လပ်ရေးနေ့အတွက် မြန်မာပြည်သူ များကို ရည်ညွှန်းကာ ဆုမွန်ကောင်းတောင်းပေးထားသည်။

“ယနေ့ကျရောက်သော လွတ်လပ်ရေးနေ့ အခါသမယတွင် မြန်မာနိုင်ငံ ကနေဒါသံရုံးက မြန်မာပြည်သူများ၏ ရဲစွမ်းသတ္တိနှင့် ကြံ့ကြံ့ခိုင်နိုင်မှုတို့ကို ချီးကျူး ဂုဏ်ပြုလိုပါသည်” ဟု ကနေဒါ သံရုံးက ထုတ်ပြန်သည်။

ကနေဒါသည် ဆုံးရှုံးမှုများ၊ ဝမ်းနည်းမှုများနှင့် ထိခိုက်နစ်နာမှုများ၊ အခက်အခဲများကို တွေ့ကြုံခံစားနေရသော မြန်မာပြည်သူများနှင့် ထပ်တူရပ်တည်နေကြောင်းနှင့် လာမည့် ၂၀၂၂ တွင် ပြစ်ဒဏ်ပေးခံရခြင်းမှ ကင်းလွတ်နေခြင်းကို အဆုံးသတ်ရေးနှင့် ပြစ်မှုကျူးလွန်သူများကို တာဝန်ယူ၊ တာဝန်ခံခိုင်းရေးတို့အတွက် ကြိုးပမ်းလုပ်ဆောင်နေသူများ အပါအဝင် ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်သော ဒီမိုကရေစီ ရရှိရန် ဆောင်ရွက်နေသည့် မိတ်ဖက်များ အားလုံးနှင့် ဆက်လက် လက်တွဲ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆက်လက်ဖော်ပြသည်။

ဥရောပသမဂ္ဂကလည်း ရဲစွမ်းသတ္တိပြည့်ဝသော မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအတွက် ပျော်ရွှင်ဖွယ် မင်္ဂလာရှိသည့် မြန်မာ့လွတ်လပ်ရေးနေ့ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းပို့သထားသည်။

ယခင်နှစ်များက လွတ်လပ်နေ့တွင် မြို့၊ရပ်ကွက်၊လမ်းအလိုက် ပျော်ပွဲ၊ရွှင်ပွဲ ၊ အားကစားပွဲများဖြင့် စည်ကားလေ့ ရှိသော်လည်း ယခုနှစ်တွင် မလွတ်လပ်သည့် လွတ်လပ်ရေးနေ့ဆိုကာ ပြည်သူများက လွတ်လပ်ရေးနေ့ပွဲများ မပြုလုပ်ကြပေ။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း စစ်တပ်ဆီက အာဏာပြန်သိမ်းမယ့် တပ်တွင်း ပုန်ကန်မှုကို တွန်းလှန်ဖို့ နိုက်ဂျားစစ်တပ်ကို အကူအညီ ပေးခဲ့ကြောင်း ရုရှားကက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်းမယ့် အားထုတ်မှု တစ်ခုကို တွန်းလှန်ပြီး အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း နိုက်ဂျား အာဏာသိမ်း စစ်တပ်က ပြောပါတယ်။ စစ်တပ်ဟာ ၂၀၂၃ ခုနှစ်တုန်းက ဒီမိုကရေစီ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူထားတာပါ။