Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီဇင်ဘာလတစ်လအတွင်း စစ်ကောင်စီလက်ချက်နဲ့ပြည်သူ ၁၂၇ ဦးကျဆုံးခဲ့ရ

စစ်တပ်အာဏာသိမ်းချိန်ကနေ ဒီနေ့ထိ တော့ စစ်ကောင်စီလက်ချက်ကြောင့် ကျဆုံးခဲ့ရသူပြည်သူဟာ ၁၄၃၅ ဦးထိရှိခဲ့ပြီး ဖမ်းဆီးခံရသူဟာ ၈၃၈၅ဦးရှိခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းက စစ်ကောင်စီလက်ချက်ကြောင့်ကျဆုံးခဲ့ရတဲ့ အသက် ၁၉ နှစ်အရွယ် ဆေးတက္ကသိုလ် ကျောင်းသား ကိုခန့်ငြားဟိန်းရဲ့ ဈာပန ဓာတ်ပုံ − ရိုက်တာ

၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်း ဒီဇင်ဘာလ အတွင်းမှာ စစ်အုပ်စုရဲ့ လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝှမ်း မှာ ပြည်သူ ၁၂၇ ဦး ကျဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကသတင်းထုတ်ပြန်ပါတယ်။

အဲဒီစာရင်းမှာ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ကျဆုံးသူဟာ ၆၁ ဦးရှိပြီး အမျိုးသမီး ၅ ဦးနဲ့ ၁၈ နှစ်အောက်ကလေးသူငယ် ၇ ဦးပါဝင်တယ်လို့ သိရပါတယ်။

ဒါအပြင် ဒီဇင်ဘာလထဲမှာ မတရားဖမ်းဆီးခံရသူဟာ ၃၀၉ ဦးရှိပါတယ်။ ဖမ်းခံရသူတွေထဲမှာလည်းအမျိုးသမီး ၆၈ ဦးပါဝင်ကာ ၁၈ နှစ်အောက်ကလေးသူငယ်ဟာ ၁၅ ဦးထိရှိတယ်လို့သိရပါတယ်။

ဓားစာခံအဖြစ် ဖမ်းခံရသူဦးရေကတော့ ၁၈ ဦးထိရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီစာရင်းတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ တစ်လစာပဲ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကနေ ဒီနေ့ထိ တော့ စစ်ကောင်စီလက်ချက်ကြောင့် ကျဆုံးခဲ့ရသူပြည်သူဟာ ၁၄၃၅ ဦးထိရှိခဲ့ပြီး ဖမ်းဆီးခံရသူဟာ ၈၃၈၅ဦးရှိခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းက စစ်ကောင်စီလက်ချက်ကြောင့်ကျဆုံးခဲ့ရတဲ့ အသက် ၁၉ နှစ်အရွယ် ဆေးတက္ကသိုလ် ကျောင်းသား ကိုခန့်ငြားဟိန်းရဲ့ ဈာပန

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။