Connect with us

Hi, what are you looking for?

News

ဒီဇင်ဘာလတစ်လအတွင်း စစ်ကောင်စီလက်ချက်နဲ့ပြည်သူ ၁၂၇ ဦးကျဆုံးခဲ့ရ

စစ်တပ်အာဏာသိမ်းချိန်ကနေ ဒီနေ့ထိ တော့ စစ်ကောင်စီလက်ချက်ကြောင့် ကျဆုံးခဲ့ရသူပြည်သူဟာ ၁၄၃၅ ဦးထိရှိခဲ့ပြီး ဖမ်းဆီးခံရသူဟာ ၈၃၈၅ဦးရှိခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းက စစ်ကောင်စီလက်ချက်ကြောင့်ကျဆုံးခဲ့ရတဲ့ အသက် ၁၉ နှစ်အရွယ် ဆေးတက္ကသိုလ် ကျောင်းသား ကိုခန့်ငြားဟိန်းရဲ့ ဈာပန ဓာတ်ပုံ − ရိုက်တာ

၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်း ဒီဇင်ဘာလ အတွင်းမှာ စစ်အုပ်စုရဲ့ လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝှမ်း မှာ ပြည်သူ ၁၂၇ ဦး ကျဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကသတင်းထုတ်ပြန်ပါတယ်။

အဲဒီစာရင်းမှာ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ကျဆုံးသူဟာ ၆၁ ဦးရှိပြီး အမျိုးသမီး ၅ ဦးနဲ့ ၁၈ နှစ်အောက်ကလေးသူငယ် ၇ ဦးပါဝင်တယ်လို့ သိရပါတယ်။

ဒါအပြင် ဒီဇင်ဘာလထဲမှာ မတရားဖမ်းဆီးခံရသူဟာ ၃၀၉ ဦးရှိပါတယ်။ ဖမ်းခံရသူတွေထဲမှာလည်းအမျိုးသမီး ၆၈ ဦးပါဝင်ကာ ၁၈ နှစ်အောက်ကလေးသူငယ်ဟာ ၁၅ ဦးထိရှိတယ်လို့သိရပါတယ်။

ဓားစာခံအဖြစ် ဖမ်းခံရသူဦးရေကတော့ ၁၈ ဦးထိရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီစာရင်းတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ တစ်လစာပဲ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကနေ ဒီနေ့ထိ တော့ စစ်ကောင်စီလက်ချက်ကြောင့် ကျဆုံးခဲ့ရသူပြည်သူဟာ ၁၄၃၅ ဦးထိရှိခဲ့ပြီး ဖမ်းဆီးခံရသူဟာ ၈၃၈၅ဦးရှိခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းက စစ်ကောင်စီလက်ချက်ကြောင့်ကျဆုံးခဲ့ရတဲ့ အသက် ၁၉ နှစ်အရွယ် ဆေးတက္ကသိုလ် ကျောင်းသား ကိုခန့်ငြားဟိန်းရဲ့ ဈာပန

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။