မင်းကင်းမြို့နယ်အတွင်း မြစ်ရိုးအောက်ဒေသတွေက ကျေးရွာတွေမှာ ကိုယ်ထူကိုယ်ထ ပညာရေးစာသင်ကျောင်း တွေ ဒီနေ့မှာ စတင်ဖွင့်လှစ်နိုင်ပြီလို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထုတ်ပြန်လာပါတယ်။
စစ်ကျွန်ပညာရေးကို ပုန်ကန်တဲ့အနေနဲ့ ဒီလို ကိုယ်ထူကိုယ်ထစာသင်ကျောင်းတွေကို ဖွင့်လှစ်ရတာလို့သိရပါတယ်။
ကျောင်းသားမိဘတွေ ၊ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ၊ CDM ဆရာ ၊ဆရာမတွေ ၊ လုပ်အားပေး ဆရာ၊ဆရာမ တွေ ၊ ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ၊ PDF တွေပူးပေါင်းပြီး ဆောင်ရွက်ကြတာလို့သိရပါတယ်။
မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဟာ အာဏာရှင်ကို တော်လှန်တဲ့ လုပ်ရပ်မှန်သမျှကို အစဉ်တစိုက် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး အာဏာရှင်ကိုတော်လှန်ရင်းဒေသတွင်း ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေကို ဆက်လက်ပူးပေါင်းကူညီသွားမယ်လို့လည်းဆိုထားပါတယ်။