Connect with us

Hi, what are you looking for?

News

မင်းကင်းမှာ စစ်ကျွန်ပညာရေးဆန့်ကျင်တဲ့ ကိုယ်ထူကိုယ်ထ ကျောင်းတွေ ဖွင့်လှစ်

ကျောင်းသားမိဘတွေ ၊ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ၊ CDM ဆရာ ၊ဆရာမတွေ ၊ လုပ်အားပေး ဆရာ၊ဆရာမ တွေ ၊ ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ၊ PDF တွေပူးပေါင်းပြီး ဆောင်ရွက်ကြတာလို့သိရပါတယ်။

မင်းကင်းမြို့နယ်အတွင်း မြစ်ရိုးအောက်ဒေသတွေက ကျေးရွာတွေမှာ ကိုယ်ထူကိုယ်ထ ပညာရေးစာသင်ကျောင်း တွေ ဒီနေ့မှာ စတင်ဖွင့်လှစ်နိုင်ပြီလို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထုတ်ပြန်လာပါတယ်။

စစ်ကျွန်ပညာရေးကို ပုန်ကန်တဲ့အနေနဲ့ ဒီလို ကိုယ်ထူကိုယ်ထစာသင်ကျောင်းတွေကို ဖွင့်လှစ်ရတာလို့သိရပါတယ်။

ကျောင်းသားမိဘတွေ ၊ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ၊ CDM ဆရာ ၊ဆရာမတွေ ၊ လုပ်အားပေး ဆရာ၊ဆရာမ တွေ ၊ ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ၊ PDF တွေပူးပေါင်းပြီး ဆောင်ရွက်ကြတာလို့သိရပါတယ်။

မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဟာ အာဏာရှင်ကို တော်လှန်တဲ့ လုပ်ရပ်မှန်သမျှကို အစဉ်တစိုက် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး အာဏာရှင်ကိုတော်လှန်ရင်းဒေသတွင်း ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေကို ဆက်လက်ပူးပေါင်းကူညီသွားမယ်လို့လည်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ