Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖုန်းဆင်းကတ်ဝယ်ရာမှာ တစ်ကတ်ကို ကျပ်နှစ်သောင်း နဲ့ စစ်ကောင်စီအခွန်ကောက်မယ် အင်တာနက်သုံးစွဲခကိုပါ အခွန်ကောက်ဖို့ စစ်ကောင်စီပြင်ဆင်

စစ်တပ်ဟာ မတရားအာဏာသိမ်းပြီးနောက် ဆန့်ကျင်မှုတွေကို ဖိနှိပ်ဖို့အတွက် ဆက်သွယ်ရေးဖြတ်တောက်တာတွေကိုလုပ်ခဲ့ပါတယ်။

တယ်လီဖုန်းဆင်းကတ်ရောင်းချရာမှာ ဆင်းကတ်တစ်ကတ်ကို ကျပ်နှစ်သောင်းနှုန်း နဲ့စစ်ကောင်စီဟာ အခွန်ကောက်တော့မှာဖြစ်ပါတယ်။

ဆင်းကတ်ဝယ်ယူရာမှာ တစ်ကတ်ကို ကျပ်နှစ်သောင်းအခွန်ကောက်တာကို ဒီလ ဇန်နဝါရီလ ၈ ရက်ကစတင်ပြီး စစ်ကောင်စီက ကောက်ယူတော့မှာပါ။

ဒီလိုကောက်ယူဖို့အတွက် ပြည်ထောင်စုအခွန်အကောက်ဥပဒေကို ပြင်ဆင်လိုက်ပြီး အဲဒီပြင်ဆင်လိုက်တဲ့ဥပဒေဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၈ ရက်ကနေ ၂၀၂၂ ခုနှစ်မတ်လ ၃၀ ရက်အထိ အကျိုးသက်ရောက်မယ်လို့စစ်ကောင်စီက ဆိုထားပါတယ်။

စစ်တပ်ဟာ မတရားအာဏာသိမ်းပြီးနောက် ဆန့်ကျင်မှုတွေကို ဖိနှိပ်ဖို့အတွက် ဆက်သွယ်ရေးဖြတ်တောက်တာတွေကိုလုပ်ခဲ့ပါတယ်။

ဒါအပြင် အင်တာနက်ကိုလည်း ပိတ်ခဲ့တာတွေရှိသလို မိုဘိုင်းဒေတာ သုံးစွဲခတွေကိုလည်း ဆက်သွယ်ရေးကုမ္ပဏီတွေကိုတိုးမြှင့်ကောက်ခံစေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခုနောက်ဆုံးမှာတော့ ဆင်းကတ် တွေကို အခွန်ကောက်ကာ ဈေးမြှင့်ရောင်းချဖို့စီစဉ်လာတာပဲဖြစ်ပါတယ်။