Connect with us

Hi, what are you looking for?

News

ဖုန်းဆင်းကတ်ဝယ်ရာမှာ တစ်ကတ်ကို ကျပ်နှစ်သောင်း နဲ့ စစ်ကောင်စီအခွန်ကောက်မယ် အင်တာနက်သုံးစွဲခကိုပါ အခွန်ကောက်ဖို့ စစ်ကောင်စီပြင်ဆင်

စစ်တပ်ဟာ မတရားအာဏာသိမ်းပြီးနောက် ဆန့်ကျင်မှုတွေကို ဖိနှိပ်ဖို့အတွက် ဆက်သွယ်ရေးဖြတ်တောက်တာတွေကိုလုပ်ခဲ့ပါတယ်။

တယ်လီဖုန်းဆင်းကတ်ရောင်းချရာမှာ ဆင်းကတ်တစ်ကတ်ကို ကျပ်နှစ်သောင်းနှုန်း နဲ့စစ်ကောင်စီဟာ အခွန်ကောက်တော့မှာဖြစ်ပါတယ်။

ဆင်းကတ်ဝယ်ယူရာမှာ တစ်ကတ်ကို ကျပ်နှစ်သောင်းအခွန်ကောက်တာကို ဒီလ ဇန်နဝါရီလ ၈ ရက်ကစတင်ပြီး စစ်ကောင်စီက ကောက်ယူတော့မှာပါ။

ဒီလိုကောက်ယူဖို့အတွက် ပြည်ထောင်စုအခွန်အကောက်ဥပဒေကို ပြင်ဆင်လိုက်ပြီး အဲဒီပြင်ဆင်လိုက်တဲ့ဥပဒေဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၈ ရက်ကနေ ၂၀၂၂ ခုနှစ်မတ်လ ၃၀ ရက်အထိ အကျိုးသက်ရောက်မယ်လို့စစ်ကောင်စီက ဆိုထားပါတယ်။

စစ်တပ်ဟာ မတရားအာဏာသိမ်းပြီးနောက် ဆန့်ကျင်မှုတွေကို ဖိနှိပ်ဖို့အတွက် ဆက်သွယ်ရေးဖြတ်တောက်တာတွေကိုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် အင်တာနက်ကိုလည်း ပိတ်ခဲ့တာတွေရှိသလို မိုဘိုင်းဒေတာ သုံးစွဲခတွေကိုလည်း ဆက်သွယ်ရေးကုမ္ပဏီတွေကိုတိုးမြှင့်ကောက်ခံစေခဲ့ပါတယ်။

အခုနောက်ဆုံးမှာတော့ ဆင်းကတ် တွေကို အခွန်ကောက်ကာ ဈေးမြှင့်ရောင်းချဖို့စီစဉ်လာတာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook