Connect with us

Hi, what are you looking for?

LuduNwayOo

News

ထိုင်းနယ်စပ်ရှိ စစ်​ကောင်စီ၏ နတ်​တောင်စခန်းကို ကရင်နီတပ် သိမ်းပိုက်

ကရင်နီတပ်မတော်မှ ထိုစခန်းကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီးနောက် နာရီဝက်အကြာတွင် အကြမ်းဖက်စစ်ကောင်စီက ရဟတ်ယာဥ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

(ကရင်နီတပ်မ​တော်မှ တပ်သားများကို ​တွေ့ရစဥ်)

ထိုင် – ကရင်နီပြည်နယ် နယ်စပ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ နတ်တောင်စခန်းကို ကရင်နီတပ်မ တော်(KA)က သိမ်းပိုက်ရရှိသည်ဟု KA၏ သတင်းပြန်ကြားရေးက ယနေ့(ဇန်နဝါရီ ၇ ရက်)တွင် ထုတ်ပြန်သည်။

“ပြည်သူကိုအမြဲ ဒုက္ခပေးနေတဲ့ ထိုင်း-ကရင်နီ နယ်စပ် နန်းပန်ချောင်းအနီး စစ်ခွေး​ခြေကုတ် တပ်စခန်းဖြစ်တဲ့ နတ်တောင်စခန်းကို ကရင်နီတပ်မတော်မှ ယနေ့နံနက်အချိန်တွင် သွားရောက်သိမ်းပိုက်ခဲ့ပြီး စခဘ​က်မှ အသေ အပျောက်များရှိခဲ့ပါသည်”ဟု KA၏ သတင်းပြန်ကြားရေးက ဆိုသည်။

ကရင်နီတပ်မတော်မှ ထိုစခန်းကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီးနောက် နာရီဝက်အကြာတွင် အကြမ်းဖက်စစ်ကောင်စီက ရဟတ်ယာဥ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ကရင်နီတပ်မတော်ဌာနချုပ် ညာမူတပ်စခန်းကိုလည်း ရဟတ်ယာဥ်ဖြင့်လာရာက် ဗုံးကြဲခဲ့သော်လည်း စစ်ကောင်စီ၏ ကာကင်းကုန်းတစ်ခုကိုသာ မှားယွင်း ဗုံးကြဲခဲ့ကြောင်းလည်း KAက အသိပေးသည်။

Public Service Announcement

Public Service Announcement

ယနေ့ နံနက်တိုက်ပွဲတွင် ကရင်နီတပ်မတော်မှ မည်သည့်ထိခိုက် နစ်နာမူမရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။