Connect with us

Hi, what are you looking for?

News

ထိုင်းနယ်စပ်ရှိ စစ်​ကောင်စီ၏ နတ်​တောင်စခန်းကို ကရင်နီတပ် သိမ်းပိုက်

ကရင်နီတပ်မတော်မှ ထိုစခန်းကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီးနောက် နာရီဝက်အကြာတွင် အကြမ်းဖက်စစ်ကောင်စီက ရဟတ်ယာဥ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

(ကရင်နီတပ်မ​တော်မှ တပ်သားများကို ​တွေ့ရစဥ်)

ထိုင် – ကရင်နီပြည်နယ် နယ်စပ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ နတ်တောင်စခန်းကို ကရင်နီတပ်မ တော်(KA)က သိမ်းပိုက်ရရှိသည်ဟု KA၏ သတင်းပြန်ကြားရေးက ယနေ့(ဇန်နဝါရီ ၇ ရက်)တွင် ထုတ်ပြန်သည်။

“ပြည်သူကိုအမြဲ ဒုက္ခပေးနေတဲ့ ထိုင်း-ကရင်နီ နယ်စပ် နန်းပန်ချောင်းအနီး စစ်ခွေး​ခြေကုတ် တပ်စခန်းဖြစ်တဲ့ နတ်တောင်စခန်းကို ကရင်နီတပ်မတော်မှ ယနေ့နံနက်အချိန်တွင် သွားရောက်သိမ်းပိုက်ခဲ့ပြီး စခဘ​က်မှ အသေ အပျောက်များရှိခဲ့ပါသည်”ဟု KA၏ သတင်းပြန်ကြားရေးက ဆိုသည်။

ကရင်နီတပ်မတော်မှ ထိုစခန်းကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီးနောက် နာရီဝက်အကြာတွင် အကြမ်းဖက်စစ်ကောင်စီက ရဟတ်ယာဥ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ကရင်နီတပ်မတော်ဌာနချုပ် ညာမူတပ်စခန်းကိုလည်း ရဟတ်ယာဥ်ဖြင့်လာရာက် ဗုံးကြဲခဲ့သော်လည်း စစ်ကောင်စီ၏ ကာကင်းကုန်းတစ်ခုကိုသာ မှားယွင်း ဗုံးကြဲခဲ့ကြောင်းလည်း KAက အသိပေးသည်။

Public Service Announcement

Public Service Announcement

ယနေ့ နံနက်တိုက်ပွဲတွင် ကရင်နီတပ်မတော်မှ မည်သည့်ထိခိုက် နစ်နာမူမရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက တိုက်ပွဲသုံးရက်အတွင်း စစ်တပ်က သေဆုံးသူနဲ့ ဒဏ်ရာရသူ ၁၀၀ ခန့်ရှိတယ်လို့ လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။