Connect with us

Hi, what are you looking for?

News

ပြည်သူများအား လေကြောင်းမှဗုံးကြဲတိုက်ခိုက်နေသည့် စစ်ကောင်စီကို အမြန်အရေးယူရန် နိုင်ငံတကာကို KNPP တောင်းဆို

စစ်ကောင်စီတပ်သည် လွိုင်ကော်မြို့ပေါ် ရပ်ကွက်များ သို့ ဇန်နဝါရီ ၇ရက် နံနက်ပိုင်းမှစ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေအိမ်များပေါ် ကျရောက်ပြီး ပြည်သူ ၆ဦးထိ သေဆုံးခဲ့သည်ဟု ဆိုသည်။

(ယနေ့ လွိုင်ကော်မြို့တွင် ပြည်သူများအား ပစ်ခတ်ခဲ့ရာတွင် အသုံးပြုခဲ့သည့် ရဟတ်ယာဥ်ကို တွေ့ရစဥ်)

အပြစ်မဲ့ ပြည်သူလူထုများအား တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေမှုအပေါ် နိုင်ငံတကာ အဖွဲ့အစည်းများမှ အမြန်ဆုံးအရေးယူဆောင်ရွက်မှုများအား ပြုလုပ်ဆောင်ရွက်သွားရန် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)က တောင်းဆိုလိုက်သည်။

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့ပေါ်၌ တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းအပေါ် KNPPက ယနေ့တွင် အရေးပေါ် သတင်းထုတ်ပြန်ခဲ့သည်။

ပြည်သူလူထု၏ အသက်အိုးအိမ်လုံခြုံရေးအတွက် အမြန်ဆုံးကူညီဆောင်ရွက်ပေးရန် လေးလေးနက်နက် တောင်းဆိုလိုက်သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် လွိုင်ကော်မြို့ပေါ် ရပ်ကွက်များ သို့ ဇန်နဝါရီ ၇ရက် နံနက်ပိုင်းမှစ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေအိမ်များပေါ် ကျရောက်ပြီး ပြည်သူ ၆ဦးထိ သေဆုံးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ပြည်သူလူထုများလည်း ပိတ်မိနေရာ စစ်ကောင်စီက မြင်သမျှမည်သူ့ကိုမဆို ပစ်ခတ်သတ်ဖြတ်နေခြင်း ဖြစ်၍ ပြည်သူလူထု လွတ်မြောက်ရေးအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ဇန်နဝါရီ ၇ရက် ညပိုင်းမှစ၍ ဇန်နဝါရီ ၈ရက်အထိဆက်တိုက် တိုက်လေယာဉ်၊ ရဟတ်ယာဉ်များ အသုံးပြု၍ ဗုံးကြဲတိုက်ခိုက် နေခြင်းကြောင့်အပြစ်မဲ့ပြည်သူများ လွတ်မြောက်ရာ တိမ်းရှောင်နိုင်သော်လည်း အချို့မှာ ပိတ်မိနေဆဲဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

ဇန်နဝါရီ ၇ရက်ကလည်း ထိုင်း-ကရင်နီ နယ်စပ်တွင် စစ်ကောင်စီမှ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကြောင့် ကရင်နီထိန်းချုပ်နယ်မြေအတွင်း ခိုလှုံနေသော စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်ဒုက္ခသည် ၁၂၀၀ကျော် နယ်စပ်ကိုဖြတ်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ၂၀၀ ခန့်မှာ နယ်စပ်ဖြတ်ကျော်နိုင်ခြင်းမရှိသေးဟု ဖော်ပြခဲ့သည်။

KNPP လက်အောက်ခံ ကရင်နီတပ်မတော်(KA) အပါအဝင် ကရင်နီဒေသကာကွယ်ရေးတပ်ဖွဲ့များသည် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများလုပ်ဆောင်နေရာ ဒီးမော့ဆို၊ လွိုင်ကော်မြို့နယ်များ၌ တိုက်ပွဲများ ပြင်းထန်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီတော်လှန်ရေးအင်အားစုတွေအကြား အပြန်အလှန် ယုံကြည်မှု၊ လေးစားမှု၊ ညှိနှိုင်းဆောင်ရွက်မှုနဲ့ စုပေါင်းခေါင်းဆောင်မှုကို ပိုမိုခိုင်မာစေဖို့ ဆက်လက် ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ကြဖို့ တောင်းဆိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) အပါအဝင် အဖွဲ့အစည်း ၁၅ခုက ဇူလိုင် ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။