Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြည်သူများအား လေကြောင်းမှဗုံးကြဲတိုက်ခိုက်နေသည့် စစ်ကောင်စီကို အမြန်အရေးယူရန် နိုင်ငံတကာကို KNPP တောင်းဆို

စစ်ကောင်စီတပ်သည် လွိုင်ကော်မြို့ပေါ် ရပ်ကွက်များ သို့ ဇန်နဝါရီ ၇ရက် နံနက်ပိုင်းမှစ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေအိမ်များပေါ် ကျရောက်ပြီး ပြည်သူ ၆ဦးထိ သေဆုံးခဲ့သည်ဟု ဆိုသည်။

(ယနေ့ လွိုင်ကော်မြို့တွင် ပြည်သူများအား ပစ်ခတ်ခဲ့ရာတွင် အသုံးပြုခဲ့သည့် ရဟတ်ယာဥ်ကို တွေ့ရစဥ်)

အပြစ်မဲ့ ပြည်သူလူထုများအား တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေမှုအပေါ် နိုင်ငံတကာ အဖွဲ့အစည်းများမှ အမြန်ဆုံးအရေးယူဆောင်ရွက်မှုများအား ပြုလုပ်ဆောင်ရွက်သွားရန် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)က တောင်းဆိုလိုက်သည်။

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့ပေါ်၌ တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းအပေါ် KNPPက ယနေ့တွင် အရေးပေါ် သတင်းထုတ်ပြန်ခဲ့သည်။

ပြည်သူလူထု၏ အသက်အိုးအိမ်လုံခြုံရေးအတွက် အမြန်ဆုံးကူညီဆောင်ရွက်ပေးရန် လေးလေးနက်နက် တောင်းဆိုလိုက်သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် လွိုင်ကော်မြို့ပေါ် ရပ်ကွက်များ သို့ ဇန်နဝါရီ ၇ရက် နံနက်ပိုင်းမှစ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေအိမ်များပေါ် ကျရောက်ပြီး ပြည်သူ ၆ဦးထိ သေဆုံးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ပြည်သူလူထုများလည်း ပိတ်မိနေရာ စစ်ကောင်စီက မြင်သမျှမည်သူ့ကိုမဆို ပစ်ခတ်သတ်ဖြတ်နေခြင်း ဖြစ်၍ ပြည်သူလူထု လွတ်မြောက်ရေးအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ဇန်နဝါရီ ၇ရက် ညပိုင်းမှစ၍ ဇန်နဝါရီ ၈ရက်အထိဆက်တိုက် တိုက်လေယာဉ်၊ ရဟတ်ယာဉ်များ အသုံးပြု၍ ဗုံးကြဲတိုက်ခိုက် နေခြင်းကြောင့်အပြစ်မဲ့ပြည်သူများ လွတ်မြောက်ရာ တိမ်းရှောင်နိုင်သော်လည်း အချို့မှာ ပိတ်မိနေဆဲဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

ဇန်နဝါရီ ၇ရက်ကလည်း ထိုင်း-ကရင်နီ နယ်စပ်တွင် စစ်ကောင်စီမှ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကြောင့် ကရင်နီထိန်းချုပ်နယ်မြေအတွင်း ခိုလှုံနေသော စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်ဒုက္ခသည် ၁၂၀၀ကျော် နယ်စပ်ကိုဖြတ်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ၂၀၀ ခန့်မှာ နယ်စပ်ဖြတ်ကျော်နိုင်ခြင်းမရှိသေးဟု ဖော်ပြခဲ့သည်။

KNPP လက်အောက်ခံ ကရင်နီတပ်မတော်(KA) အပါအဝင် ကရင်နီဒေသကာကွယ်ရေးတပ်ဖွဲ့များသည် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများလုပ်ဆောင်နေရာ ဒီးမော့ဆို၊ လွိုင်ကော်မြို့နယ်များ၌ တိုက်ပွဲများ ပြင်းထန်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီလက်အောက်ခံလူမှုကွန်ရက်စာမျက်နှာများ၌ အမ်း၊ ဘူးသီးတောင်၊မောင်တောမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်​နေကြောင်း၊စစ်ကူ​ပေးရန် ၊​လေ​ကြောင်းမှညအပြင်းအထန်တိုက်ခိုက်ရန် တိုက်တွန်း ရေးသား​နေကြသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။