Connect with us

Hi, what are you looking for?

News

ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းနှစ်ခုကို တိုက်ခိုက်ခဲ့ဟု မွန်အခြေပြုတော်လှန်ရေးအစည်းအရုံး ထုတ်ပြန်

ထိုတိုက်ခိုက်မှုများတွင် ခမရ(၃၄၃)တပ်၏ စစ်ဆေးရေးဂိတ်အား ၄၀(မမ) ဗုံးပစ်လောင်ချာဖြင့် စတင်ပစ်ခတ်ခဲ့ပြီး လက်ပစ်ဗုံးဖြင့် နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကားနှစ်စီးပျက်စီးသွားသည်ဟု ထုတ်ပြန်ချက်က ဆို သည်။

▪️စစ်ကောင်စီဘက်မှ ၂ ဦးသေ၊ ၈ ဦးဒဏ်ရာပြင်းထန်

ရေးမြို့နယ်အခြေစိုက် တပ်ရင်းနှစ်ခုအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်နယ်အခြေပြု တော်လှန်းရေးအစည်းအရုံး (MSRU)က ယမန်နေ့(ဇန်နဝါရီ၈) ထုတ်ပြန်သည်။

စစ်ကောင်စီတပ် အမှတ်(၁၉) စစ်ဆင်ရေးကွပ် ကဲမှုဌာနချုပ်လက်အောက်ခံ အာယုတောင်ကျေးရွာအနီးရှိ ခြေမြန်တပ်ရင်း ခမရ(၅၈၇) ၊ ခမရ(၃၄၃) တပ်ရင်းနှစ်ရင်းအား ဇန်နဝါရီ ၆ ရက် ည ၇ နာရီခွဲခန့်တွင် စစ်ဆင်ရေးတစ်ခုပြုလုပ်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုတိုက်ခိုက်မှုများတွင် ခမရ(၃၄၃)တပ်၏ စစ်ဆေးရေးဂိတ်အား ၄၀(မမ) ဗုံးပစ်လောင်ချာဖြင့် စတင်ပစ်ခတ်ခဲ့ပြီး လက်ပစ်ဗုံးဖြင့် နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကားနှစ်စီးပျက်စီးသွားသည်ဟု ထုတ်ပြန်ချက်က ဆို သည်။

Public Service Announcement

Public Service Announcement

အလားတူ ခမရ(၅၈၇)တပ်ရင်းအားတိုက်ခိုက်ရာတွင် ကင်းပုန်းစစ်သားများအား လက်နက်ငယ်ဖြင့် အတွဲလိုက် ပစ်ခတ်ခဲ့သည့်အ​ပြင် ခမရ (၃၄၃)အားလည်း ထပ်မံ၍ လက်နက်ငယ်ဖြင့်ပစ်ခတ်သည်တွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုများရှိခဲ့သည်ဟု MSRUက ဖော်ပြသည်။

ခမရ (၅၈၇)အားတိုက်ခိုက်ရာတွင် စစ်ကောင်စီဘက်မှ ကင်းပုန်းဝပ်တပ်သား နှစ်ဦးသေဆုံးပြီး ​ခြောက်ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အထက်ပါတိုက်ခိုက်မှုများကို မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအစည်းအရုံး(MSRU)နှင့် Ye Special Task Force(YSTF)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။