Connect with us

Hi, what are you looking for?

News

နိုင်ငံတစ်ဝန်းရှိ ပြည်သူများ စစ်ရှောင်များကို ကူညီပေးကြရန် ကရင်နီအဖွဲ့လေးဖွဲ့ မေတ္တာရပ်ခံ

လေကြောင်းတိုက်ခိုက်မှုအပြင် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုများ၊ မီးရှို့ဖျက်ဆီးမှုများကြောင့် တပြည်လုံးလူဦးရေစုစုပေါင်း၏ ထက်ဝက်ကျော်သည် ယခုအခါ နေအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရသည်ဟုဆိုသည်။

အရေးပေါ်အကူအညီများလိုအပ်လျက်ရှိသော စစ်ရှောင်ပြည်သူများအတွက် နိုင်ငံတစ်ဝန်းရှိ မိဘပြည်သူများမှ ဒေသခံအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ကူညီလှူဒါန်းပေးကြပါရန် မေတ္တာရပ်ခံတောင်းဆိုကြောင်း ကရင်နီ အဖွဲ့အစည်း​လေးဖွဲ့က ပူးတွဲထုတ်ပြန်သည်။

ကရင်နီပြည်နယ်၏ လတ်တလော စစ်ရေးအခြေအနေများနှင့် ပတ်သက်၍ တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)၊ ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်၊ Karenni’s Voice နှင့် Associate of Karenni Poicy Support တို့က ဇန်နဝါရီ ၉ရက် တွင် မေတ္တာရပ်ခံချက် ထုတ်ပြန်သည်။

ကရင်နီပြည်နယ်၏ နေရာအနှံ့တွင် ဒီဇင်ဘာနောက်ဆုံးအပတ်မှစပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ဒေသခံတော်လှန်ရေးအင်အားစုများကြား တိုက်ပွဲများအရှိန်မြင့်တက်လာနေကြောင်း၊ အာဏာသိမ်းချိန်မှစ၍ အကြမ်းဖက်စစ်ကောင်စီသည် ကရင်နီပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ်ထက်မနည်းပြုလုပ်ခဲ့သည့်အနက် ၁၀ ကြိမ်ကျော်မှာ ယခုနှစ် ဇန်နဝါရီ ပထမအပတ်အတွင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

လေကြောင်းတိုက်ခိုက်မှုအပြင် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုများ၊ မီးရှို့ဖျက်ဆီးမှုများကြောင့် တပြည်လုံးလူဦးရေစုစုပေါင်း၏ ထက်ဝက်ကျော်သည် ယခုအခါ နေအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

စစ်မီးတောက်လောင်လျက်ရှိသော အရေးပေါ်အခြေ အနေတွင် အဆိုပါ ကရင်နီအဖွဲ့ ​လေးဖွဲ့က မေတ္တာရပ်ခံ တောင်းဆိုချက်များ ဖော်ပြခဲ့ရာ တိုက်ပွဲများအကြား ဒဏ်ရာရပြည်သူများအား ကာကွယ်ရေးရဲဘော်များ ကယ်ထုတ်နေချိန်၊ စစ်ရှောင်ပြည်သူများ စစ်ရှောင်ထွက်ပြေးနေရချိန်တို့တွင် ရဲဘော်နှင့် ပြည်သူများ၏ ဓါတ်ပုံများအား လုံခြုံရေးအရ ဝါး ပေးရန်၊ ကရင်နီပြည်နယ်နှင့် နယ်မြေခြင်းဆက်စပ်လျက်ရှိသော မြို့ကြီးများရှိ ပြည်သူလူထုအပေါင်းတို့က စစ်ရှောင်ပြည်သူများကို စာနာထောက်ထားသောအားဖြင့် မိမိတို့ တတ်စွမ်းနိုင်သမျှ ကူညီထောက်ပံ့ပေးကြရန် ပါရှိသည်။

ထို့ပြင် နိုင်ငံအဝန်းရှိ ပြည်သူလူထုတရပ်လုံးကလည်း ကရင်နီပြည်နယ်အတွင်း ပြင်းထန်လျက်ရှိသော တိုက်ပွဲများနှင့် အရေးပေါ်အကူအညီများလိုအပ်လျက်ရှိသော စစ်ရှောင်ပြည်သူများ၏ သတင်းဖြစ်စဉ်များကို အလေးထား အာရုံစိုက်ပေးကြပါရန်နှင့် စစ်ရှောင်များအတွက် ဒေသခံအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ကူညီလှူဒါန်းပေးကြပါရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။