Connect with us

Hi, what are you looking for?

News

ကန့်ဘလူတွင် Mytel တာဝါတိုင်လာကြည့်သော စစ်ကောင်စီတပ် မိုင်းမိ၊ အလောင်းလာသယ်သည့်ကားနှင့် စစ်ကူတပ်ပါ ထပ်မံတိုက်ခိုက်ခံရ

တိုက်ခိုက်မှုဖြစ်စဥ်များတွင် ဇန်နဝါရီ ၈ ရက်က ဖျက်ဆီးခဲ့သော ချင်မြစ်ကျင်းရွာနှင့် တင်ကုတ်ကြီးကြားရှိ Mytel တာဝါတိုင်ကို ယမန်နေ့ (ဇန်နဝါရီ ၉)နံနက် ၁၀ နာရီခွဲတွင် စစ်ကောင်စီတပ်များက လာကြည့်စဥ် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

ကန့်ဘလူမြို့နယ်တွင် ပျက်ဆီးသွားသည့် Mytel တာဝါတိုင်လာကြည့်သည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီးနောက် အလောင်းလာသယ်သည့်ကားနှင့် စစ်ကူတပ်များကိုပါ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း Kanbalu Underground Warriors(KBU-UG)က ထုတ်ပြန် သည်။

တိုက်ခိုက်မှုဖြစ်စဥ်များတွင် ဇန်နဝါရီ ၈ ရက်က ဖျက်ဆီးခဲ့သော ချင်မြစ်ကျင်းရွာနှင့် တင်ကုတ်ကြီးကြားရှိ Mytel တာဝါတိုင်ကို ယမန်နေ့ (ဇန်နဝါရီ ၉)နံနက် ၁၀ နာရီခွဲတွင် စစ်ကောင်စီတပ်များက လာကြည့်စဥ် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

ထိုတိုက်ခိုက်မှုကို ရင်ခတ်ကုန်းရွာနှင့် ငါးရာနဲရွာကြားရှိ တံတားအရောက်တွင် မိုင်းဆွဲခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ အသေအပျောက်များရှိသည်ဟုယူဆရပြီး အခင်းဖြစ်ရာနေရာသို့ ညနေ ၃ နာရီခန့်တွင် နာရေးကားဖြင့် လာရောက်၍ ဇီးကုန်းသုသာန်သို့ သယ်‌ဆောင်သွား
သယ်‌ဆောင်သွားခဲ့သည် ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါမိုင်းဆွဲခံရသည့်နေရာတွင် စစ်တပ်မှ သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး ဘေးပတ်ဝန်းကျင်ရှိလယ်လုပ်နေကြသော သာမန်တောင်သူများကိုလည်း ဖမ်းဆီးမှုများရှိကြောင်းလည်း ဒေသခံများက​ ပြောသည်။

Public Service Announcement

Public Service Announcement

ထို့​နောက်စစ်​ကောင်စီတပ်သည် ဇီးကုန်း-ငါးရာနဲ-တင်ကုတ်ကြီး- ထန်းကုန်းလမ်းအား အသုံးမပြုတော့ဘဲ အခြားလမ်းအသုံးပြုရန် လိုက်စုံစမ်းသည့် ရှေ့ပြေးကားကို ဇီးကုန်းနှင့် ကာဘိုးကြားတွင် ထပ်မံမိုင်းခွဲခဲ့ရာ စစ်ကောင်စီ၏ ကင်းထောက်ကား အထိနာသွားခဲ့ကြောင်း KBU(UG) အဖွဲ့က ဆို သည်။

အဆိုပါ စစ်ကောင်စီ၏ ကင်းထောက်ကား အထိနာချိန် ဆိုင်ကယ်များဖြင့် စစ်ကူရောက် လာသည့် စစ်ကောင်စီတပ်များကို လက်ကျန်မိုင်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၅ ဦးထိခိုက်သွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယမန်နေ့(ဇန်နဝါရီ ၉)ညနေ ၃ နာရီ ၂၀ ခန့်တွင် စစ်ကောင်စီတပ်မှ သေဆုံးနှင့် ဒဏ်ရာရသူများကို လာသယ်သည့်ကားအား ဇီးကုန်းအနောက် ကျောင်းကြီးအထွက် ပြွန်တံတားတွင် အသင့်ချထားသော ပါဆယ်မိုင်းဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု KUB(UG)က ထုတ်ပြန်သည်။

အလားတူ ယမန်နေ့နေ့လယ် ၂ နာရီခွဲတွင် ကန့်ဘလူမြို့နယ်၊ ရဲဒွေးကျေးရွာသို့ ပတ်ကင်းလှည့်လာသော စစ်ကောင်စီတပ်အား ထန်းကုန်း နှင့် ဇီးပင်သာကြားတွင် အဝေးထိန်းစနစ်အသုံးပြုတိုက်ခိုက်ခြင်း၊ တူမီး​ဖြင့်ပစ်ခတ် တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း KBU(UG)မှ ထုတ်​ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီကို ခုခံတိုက်ခိုက်မှုများအား သေသေချာချာ အချိန်ယူ လူအပင်ပန်းခံပြီး လုပ်ဆောင်ရသောကြောင့် အခွင့်အရေးကို လက်လွတ်ခံ၍မဖြစ်နိုင်ကြောင်း၊ ဖြစ်စဥ်အတွင်း ဖမ်းဆီး​ခြင်းခံရသော အပြစ်မဲ့ပြည်သူများကိုလည်း အနူးညွတ် တောင်းပန်ကြောင်း
KBU(UG)က ပြောသည်။

“လွယ်လွယ်ကူကူနဲ့ အောင်မြင်တာတော့ ရှားပါတယ် အဖွဲ့သားတွေ အပြင်းအထန် ကြိုးစားမှုကြောင့် အောင်မြင်တာတွေပါ။”ဟု KBU (UG)အဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ ကမ္ဘာ့ဖလားထုတ်လွှင့်ခွင့်ရရှိထားတဲ့ အာဏာသိမ်းစစ်တပ် နဲ့ ဗီယက်နမ်စစ်တပ် ပူး​ပေါင်းပိုင်တဲ့ Mytel ရဲ့ TV360 စာမျက်နှာကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar-JFM က အသိပေးထားပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။