Connect with us

Hi, what are you looking for?

News

ဝက်လက်မြို့နယ်တွင် စစ်ကောင်စီ၏ ရိက္ခာယာဥ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာ ပျူစောထီး ခုနှစ်ဦးသေဟုဆို

ပျူစောထီးထောက်ပို့ယာဥ်ကို ဝက်လက်မြို့နယ် အနောက်ခြမ်း ‌ရွှေပန်းကုံးကျေးရွာနှင့် သမ္မာရိုးကျေးရွာ အကြားတွင် ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(တပ်ရင်း -၁)အဖွဲ့က မိုင်းဆွဲခဲ့သည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ရိက္ခာယာဥ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာ ပျူစောထီး ခုနှစ်ဦးသေဆုံးကြောင်း ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ ၁၀ ရက်) ညနေ ၅နာရီခွဲခန့်က ဝက်လက်မြို့နယ်အတွင်းသို့ ရိက္ခာပို့ရန်ငွေတွင်းကျေးရွာမှ အကြမ်းဖက်စစ်ကောင်စီ၏‌ ထောက်တိုင်ဖြစ်သော ပျူစောထီးထောက်ပို့ယာဥ်ဖြစ်သည့် (CANDA – 4G/4858 ) တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပျူစောထီးထောက်ပို့ယာဥ်ကို ဝက်လက်မြို့နယ် အနောက်ခြမ်း ‌ရွှေပန်းကုံးကျေးရွာနှင့် သမ္မာရိုးကျေးရွာ အကြားတွင် ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(တပ်ရင်း -၁)အဖွဲ့က မိုင်းဆွဲခဲ့သည်။

ပြည်သူ့ကာကွယ်‌‌ရေးတပ်သားများအထိအခိုက်မရှိ အချိန်မီဆုတ်ခွာနိုင်ခဲ့ကြာင်းလည်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၆ရက်ကလည်း ဝက်လက်မြို့နယ် သမ္မာရိုးတံတားတွင် ခြေလျင်စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခံရပြီး ခြောက်ဦးသေဆုံးကာ ၁၂ ဦး ထိခိုက်ခဲ့သည်။

ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၉ရက်ကစ၍ ဝက်လက်မြို့နယ်တွင်အင်အား ရာကျော်ဖြင့် စစ်ကြောင်း နှစ်ကြောင်းခွဲ၍ စစ်ထိုးလာခဲ့သည်။

သို့သော် အကြမ်းဖက်စစ်ကောင်စီက ပြည်သူများအား ဓားစားခံအဖြစ် ဖမ်းဆီးခြင်းများရှိသောကြောင့် ၎င်းတို့နှင့်သာလာတိုက်ရန်လည်း ဝက်လက်မြို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လူထုနွေဦးသို့ ယနေ့ ပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Facebook