Connect with us

Hi, what are you looking for?

LuduNwayOo

News

ဂန့်ဂေါနယ်ရှိ စစ်ရှောင်များအတွက် လှူဒါန်းရန် ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နှိုးဆော်

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ကူညီဆောင်ရွက်ပေးနေမှုများကို ဒေသလုံခြုံရေး အခြေအနေများကြောင့် အပြည့်အစုံ သတင်းဖော်ပြနိုင်ခြင်းမရှိ သည်ကို နားလည်ပေးကြပါရန်နှင့် ပြည်တွင်းပြည်ပ အလှူရှင်များအနေဖြင့် ဂန့်ဂေါမြို့နယ်စစ်ဘေးရှောင်ပြည်သူများ အတွက် ဂန့်ဂေါမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းလှူဒါန်းနိုင်ပါကြောင်း အသိပေးထားသည်။

မကွေးတိုင်း ဂန့်ဂေါမြိုနယ်ရှိ စစ်ရှောင်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ကြရန် ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ နိုးဆော်ချက်ထုတ်ပြန်လိုက်သည်။

ဂန့်ဂေါမြို့နယ်သည် နွေဦးတော်လှန်ရေးကာလတစ်လျှောက် အကြမ်းဖက်စစ်ကောင်စီတပ်များကို ရွပ်ရွပ်ချွံချွံ တော်လှန်နေသောဒေသဖြစ်ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်တပ်အကြားထိတွေ့ တိုက်ပွဲများစွာရှိခဲ့ကြောင်း၊ စစ်တပ်၏ လူမဆန်ရမ်းကားမှုများ၊ အကြမ်းဖက်သတ်ဖြတ်မှုများ၊ မီးရှို့ဖျက်ဆီးမှု များကြောင့် ဂန့်ဂေါမြို့နယ်ဒေသခံ ပြည်သူများစွာနေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရကြောင်း ဖော်ပြထားသည်။

ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ၂၀၂၁ခုနှစ် ကာလအတွင်းမီးဘေးသင့်ပြည်သူများနှင့် စစ်ဘေး ရှောင်ပြည်သူများအတွက် ကျပ် ၃၅၈သိန်းတန်ဖိုး ကူညီထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း၊ စစ်ဘေးရှောင်ပြည်သူ များ၏ လူမှုရေး၊ ကျန်းမာရေးကိစ္စများ အဆင်ပြေစေရေးဆက်လက် ကြိုးစားကူညီပေးလျက်ရှိသော်လည်း အကူအညီ အထောက်အပံ့များ လိုအပ်နေဆဲဖြစ်သည်ဟု ဆိုသည်။

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ကူညီဆောင်ရွက်ပေးနေမှုများကို ဒေသလုံခြုံရေး အခြေအနေများကြောင့် အပြည့်အစုံ သတင်းဖော်ပြနိုင်ခြင်းမရှိ သည်ကို နားလည်ပေးကြပါရန်နှင့် ပြည်တွင်းပြည်ပ အလှူရှင်များအနေဖြင့် ဂန့်ဂေါမြို့နယ်စစ်ဘေးရှောင်ပြည်သူများ အတွက် ဂန့်ဂေါမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းလှူဒါန်းနိုင်ပါကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဆောင်းပါး

အယောက်(၈၀)ကျော်လောက်ပါတဲ့အာဏာသိမ်းစစ်ကောင်စီစစ်ကြောင်းက ရွာစဥ်တလျှောက် လူသတ်မီးရှို့နေပြီး သူတို့ကိုင်းရွာကိုပါ ရောက်ရှိလာလို့ ဒေါ်တင်ခိုင်တို့တရွာလုံး ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရတာပါ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

ဒုက္ခရောက်နေသူများအား ကူညီရာ၌ ဆရာတော် ကိုင်ဆွဲသည့် အဓိကသဘောထားများမှာ ဘာလူမျိုးလဲမမေးရန်၊ ဘယ်ဘာသာ ကိုးကွယ်လည်းမမေးရန်၊ လူအချင်းချင်းဟုသာ မြင်ကြရန် ဆိုသည့်အချက်များဖြစ်သည်ဟု ခွန်ရိန်းယံက ပြောပြသည်။