Connect with us

Hi, what are you looking for?

News

ဂန့်ဂေါနယ်ရှိ စစ်ရှောင်များအတွက် လှူဒါန်းရန် ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နှိုးဆော်

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ကူညီဆောင်ရွက်ပေးနေမှုများကို ဒေသလုံခြုံရေး အခြေအနေများကြောင့် အပြည့်အစုံ သတင်းဖော်ပြနိုင်ခြင်းမရှိ သည်ကို နားလည်ပေးကြပါရန်နှင့် ပြည်တွင်းပြည်ပ အလှူရှင်များအနေဖြင့် ဂန့်ဂေါမြို့နယ်စစ်ဘေးရှောင်ပြည်သူများ အတွက် ဂန့်ဂေါမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းလှူဒါန်းနိုင်ပါကြောင်း အသိပေးထားသည်။

မကွေးတိုင်း ဂန့်ဂေါမြိုနယ်ရှိ စစ်ရှောင်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ကြရန် ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ နိုးဆော်ချက်ထုတ်ပြန်လိုက်သည်။

ဂန့်ဂေါမြို့နယ်သည် နွေဦးတော်လှန်ရေးကာလတစ်လျှောက် အကြမ်းဖက်စစ်ကောင်စီတပ်များကို ရွပ်ရွပ်ချွံချွံ တော်လှန်နေသောဒေသဖြစ်ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်တပ်အကြားထိတွေ့ တိုက်ပွဲများစွာရှိခဲ့ကြောင်း၊ စစ်တပ်၏ လူမဆန်ရမ်းကားမှုများ၊ အကြမ်းဖက်သတ်ဖြတ်မှုများ၊ မီးရှို့ဖျက်ဆီးမှု များကြောင့် ဂန့်ဂေါမြို့နယ်ဒေသခံ ပြည်သူများစွာနေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရကြောင်း ဖော်ပြထားသည်။

ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ၂၀၂၁ခုနှစ် ကာလအတွင်းမီးဘေးသင့်ပြည်သူများနှင့် စစ်ဘေး ရှောင်ပြည်သူများအတွက် ကျပ် ၃၅၈သိန်းတန်ဖိုး ကူညီထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း၊ စစ်ဘေးရှောင်ပြည်သူ များ၏ လူမှုရေး၊ ကျန်းမာရေးကိစ္စများ အဆင်ပြေစေရေးဆက်လက် ကြိုးစားကူညီပေးလျက်ရှိသော်လည်း အကူအညီ အထောက်အပံ့များ လိုအပ်နေဆဲဖြစ်သည်ဟု ဆိုသည်။

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ကူညီဆောင်ရွက်ပေးနေမှုများကို ဒေသလုံခြုံရေး အခြေအနေများကြောင့် အပြည့်အစုံ သတင်းဖော်ပြနိုင်ခြင်းမရှိ သည်ကို နားလည်ပေးကြပါရန်နှင့် ပြည်တွင်းပြည်ပ အလှူရှင်များအနေဖြင့် ဂန့်ဂေါမြို့နယ်စစ်ဘေးရှောင်ပြည်သူများ အတွက် ဂန့်ဂေါမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းလှူဒါန်းနိုင်ပါကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ စလင်းမြို့နယ်တွေမှာ စစ်ရှောင်တစ်ထောင်ကျော်ဟာ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူလူထုတွေရှိရာ နေရာတွေကို အာဏာသိမ်းစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်လို့ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ရှောင်တွေနေတဲ့ ဘုရားတန်ဆောင်းပေါ် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်လို့ (၁)နှစ်သားကလေးငယ် အပါအဝင် ၂ဦး သေဆုံးခဲ့ပြီး ကလေးမိခင် အသက်အန္တရာယ် စိုးရိမ်နေရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ဘေးရှောင် ကလေးငယ် ၅၀ ကျော်ဟာ ပညာသင်ကြားဖို့အတွက် စာရေးကိရိယာတွေ လိုအပ်နေကြောင်း စစ်ရှောင် ကူညီပေးနေသူတွေက ပြောပါတယ်။