Connect with us

Hi, what are you looking for?

News

ရန်ကုန်တွင် စစ်ဆင်ရေး အရှိန်မြှင့်လုပ်ဆောင်မည်ဖြစ်၍ ပြည်သူများမလိုအပ်ဘဲ အပြင်မထွက်ကြရန် ဗမာ့နောက်ဆုံးတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ သတိပေး

စကစတွေက လူကြားထဲသွားနေရင် ကိုယ်တွေပြည်သူတွေရှောင်နေဖို့ ။သူတို့ကိုတိုက်ခိုက်တဲ့အချိန်ကျ သူတို့ဘက်ကရမ်းပစ်ရင် ပြည်သူတွေထိမှာစိုးလို့”ဟု ယင်းကဲ့သို့ထုတ်ပြန်ရသည့်အပေါ် B.F.R.A.F အဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့၌ စစ်ဆင်ရေးများကို အရှိန်မြှင့်လုပ်ဆောင်တော့မည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်မထွက်ကြရန် ဗမာ့နောက်ဆုံးတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့(B.F.R.A.F)က နောက်ဆုံး အကြိမ် သတိပေးစာဟုဆိုကာ ယနေ့ထုတ်ပြန်သည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီဝင်များရှိသည့်နေရာများကို ရှောင်ကြရန်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများအကြားသွားလာပါကလည်း ယင်းနေရာမှ ရှောင်ကြရန်လည်း B.F.R.A.F က သတိပေးသည်။

ထို့အပြင် ၎င်းတို့အဖွဲ့အနေဖြင့် စစ်ဆင်ရေးများကို အပြင်းအထန်လုပ်ဆောင်တော့မည်ဖြစ်သောကြောင့် လမ်းပေါ်တွင်မဆိုင်သည့် ပစ္စည်းများကိုမထိရန်နှင့် မလိုအပ်ပဲ အပြင်မထွက်ကြရန်လည်း သတိပေးထားသည်။

“စကစတွေက လူကြားထဲသွားနေရင် ကိုယ်တွေပြည်သူတွေရှောင်နေဖို့ ။သူတို့ကိုတိုက်ခိုက်တဲ့အချိန်ကျ သူတို့ဘက်ကရမ်းပစ်ရင် ပြည်သူတွေထိမှာစိုးလို့”ဟု ယင်းကဲ့သို့ထုတ်ပြန်ရသည့်အပေါ် B.F.R.A.F အဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဖောက်ခွဲရေးလုပ်ငန်းစဥ်များတွင် ပြည်သူများကိုငဲ့ညှာရသောကြောင့် မလုပ်ဆောင်နိုင်သည့် ဖြစ်စဥ်များလည်းရှိခဲ့သည်ဟု ၎င်းက ဆိုသည်။

“အလုပ်ကတော့ သွားနေရတာပဲ ။တကယ်လို့ ကြုံလာရင်တော့ ကျွန်တော်တို့ကိုလည်း မညှာစေချင်ဘူး”ဟု (၃၂) နှစ်အရွယ် နည်းပညာကုမ္ပဏီဝန်ထမ်း အမျိုးသားတစ်ဦးက ပြောသည်။

B.F.R.A.Fအဖွဲ့သည် ရန်ကုန်မြို့အတွင်းရှိ စစ်ကောင်စီတပ်စွဲထားသည့် ရဲစခန်း ၊ မီတာရုံး ၊ စည်ပင်ရုံးစသည့် နေရာများကို ဖောက်ခွဲမှုများပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့ တနေရာမှာ (၃၈)နှစ်ပြည့် ၈‌လေးလုံး အထိမ်းအမှတ် လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က ပြုလုပ်ခဲ့ပါတယ်

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...