Connect with us

Hi, what are you looking for?

News

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး သတင်းပေးမှုကြောင့် ရန်ကုန်တွင် လက်နက်များသိမ်းဆည်းခံရ

လက်နက်ခဲယမ်းများ အရေးပေါ်ထားသိုရန်အတွက် ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ် (၁၆)ရပ်ကွက် တောင်ငူလမ်းရှိ အဆောင်တခု၌နိုင်ငံရေးအကျဉ်းသားဟောင်း မင်းလွင်(ခ)ကျီးကန်းက လက်ခံခဲ့သည်ဟု ဖက်ဆစ်ဆန့်ကျင်ရေး လက်ရုံးတပ်ဖွဲ့က ဆိုသည်။

(နိုင်ငံရေး အကျဥ်းသားဟောင်း မင်းလွင်၏ ရုပ်ပုံနှင့် သိမ်းဆည်းခံရသည့် လက်နက်ခဲယမ်းများ)

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ဒလန်ပြန်လုပ်ပြီး စစ်ကောင်စီထံသတင်းပေးမှုကြောင့် လက်နက်များ သိမ်းဆည်းခံရကြောင်း ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့က ယနေ့(ဇန်နဝါရီ ၁၃)တွင် ထုတ်ပြန်သည်။

လက်နက်ခဲယမ်းများ အရေးပေါ်ထားသိုရန်အတွက် ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ် (၁၆)ရပ်ကွက် တောင်ငူလမ်းရှိ အဆောင်တခု၌နိုင်ငံရေးအကျဉ်းသားဟောင်း မင်းလွင်(ခ)ကျီးကန်းက လက်ခံခဲ့သည်ဟု ဖက်ဆစ်ဆန့်ကျင်ရေး လက်ရုံးတပ်ဖွဲ့က ဆိုသည်။

(နိုင်ငံရေး အကျဥ်းသားဟောင်း မင်းလွင်၏ ရုပ်ပုံနှင့် သိမ်းဆည်းခံရသည့် လက်နက်ခဲယမ်းများ)

သို့သော် ယမန်နေ့(ဇန်နဝါရီ ၁၂)က မင်းလွင်သည် သူပိုင်ဆိုင်ရာ အဆောင်၌ လက်နက်ခဲယမ်းများ မထားပေး နိုင်တော့ကြောင်းနှင့် ညတွင်းချင်း ရဲလက်အပ်တော့မည့်အကြောင်း ဖုန်းဆက်၍ ပြောဆိုလာခဲ့ကြောင်း ဖက်ဆစ်ဆန့်ကျင်ရေး လက်ရုံးတပ်ဖွဲ့သို့ အသိပေးခဲ့သည်။

(နိုင်ငံရေး အကျဥ်းသားဟောင်း မင်းလွင်၏ ရုပ်ပုံနှင့် သိမ်းဆည်းခံရသည့် လက်နက်ခဲယမ်းများ)

“ကျနော်တို့သည် နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ် တော်လှန်ရေးကို ကူညီမယ့်သူလို့ ယုံကြည်မိခဲ့သူဆီမှ ယခုလို ပြောဆိုလာသောအခါ အံ့ဩမဆုံးဖြစ်မိပါသည်။ သို့သော် အချိန်ကာလအားဖြင့်တကြောင်း ၊ သူ့အပေါ်မိမိတို့ရဲ့ ယုံကြည်မှုလျော့နည်းသွားခြင်း(ပစ္စည်းသွားရောက်သယ်ဆောင်ချိန် အလစ်ဝင်ဖမ်းခိုင်းမည်ကို စိုးရိမ်) တို့ကြောင့် တကြောင်း သူပိုင်ဆိုင်ရာ အဆောင်တွေရှိနေသည့် မိမိတို့ရဲ့ လက်နက်ခဲယမ်းများကို ရွေ့ပြောင်းဖို့ အလျင်မမိတော့ပါ”ဟု ဖက်ဆစ်ဆန့်ကျင်ရေး လက်ရုံးတပ်ဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့နောက် ယမန်နေ့ည ၈နာရီခွဲအချိန်တွင် စစ်ကောင်စီအဖွဲ့ လက်ပါးစေများက လက်နက်ခဲယမ်းများကို သိမ်းဆည်းသွားခဲ့သည်။

(နိုင်ငံရေး အကျဥ်းသားဟောင်း မင်းလွင်၏ ရုပ်ပုံနှင့် သိမ်းဆည်းခံရသည့် လက်နက်ခဲယမ်းများ)

ထို့အပြင် တော်လှန်ရေးနှင့်ဆက်စပ်ခြင်းမရှိသောအဆောင်၌ ငှားရမ်းနေထိုင်သူများကိုပါ စစ်တပ်က ဖမ်းဆီးသွားခဲ့ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

ထို့ကြောင့် စစ်အာဏာရှင်ကို ဆန့်ကျင်နေကြသည့် နိုင်ငံရေးအသိုက်အဝန်းများ မိတ်ဆွေများနှင့် စစ်အာဏာရှင်ကို ဆန့်ကျင်နေကြသော ပြည်သူလူထုများမှ နိုင်ငံရေးအကျဉ်းသားဟောင်း မင်းလွင်ကို Social Punishmentပြုလုပ်ပေးရန် တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဒီကနေ့ (ဇူလိုင် ၂၉) နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့မှာအိမ်တွေထဲထိ ရေကြီး၊ ရေဝင်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။