Connect with us

Hi, what are you looking for?

News

မြစ်ခြေရဲစခန်းအနီး ဗုံးပေါက်

“ရဲကတုတ်နဲ့ သွားထိုးတုန်းပေါက်တာ။ ရဲတစ်ယောက်တော့ ထိသွားတယ်”ဟု မြို့ခြေမြို့မှ အငြိမ်းစားအစိုးရ ဝန်ထမ်းတစ်ဦးက ပြောသည်။

မကွေးတိုင်း မြစ်ခြေမြို့ရဲစခန်းအနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဇန်နဝါရီ ၁၄) နံနက်၈နာရီခွဲခန့်တွင် မြို့သစ်ရပ်ကွက် မြစ်ခြေရဲစခန်းလမ်းထိပ်အနီး၌ အိတ်အမဲဖြင့် ထုပ်ထားသည့် ဗုံးသုံးလုံးပေါက်ကွဲခဲ့ခြင်းဟု ၎င်းတို့က ဆိုသည်။

“ရဲကတုတ်နဲ့ သွားထိုးတုန်းပေါက်တာ။ ရဲတစ်ယောက်တော့ ထိသွားတယ်”ဟု မြို့ခြေမြို့မှ အငြိမ်းစားအစိုးရ ဝန်ထမ်းတစ်ဦးက ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ယနေ့ နေ့လယ်ပိုင်းကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်သားများက မြို့သစ်ရပ်ကွက် အတွင်းရှိ လမ်းများကို ပိတ်၍ အော်ဟစ်ဆဲဆိုမှုများလည်း ပြုလုပ်ခဲ့သည်ဟု မျက်မြင်တွေ့ရှိသည့် ဒေသခံ တစ်ဦးက ဆိုသည်။

Public Service Announcement

Public Service Announcement

“နေ့လည် ၁နာရီ နောက်ပိုင်းအိမ်အပြင် မထွက်ရဘူးဆိုပြီး သေနတ်တွေဖောက်ခြိမ်းခြောက်တယ်။ ပြီးတော့ ဒလန် ဆိုတဲ့ကောင်တွေ အလိုအကျအတိုင်း လက်ညိုးထိုးတဲ့ အိမ်တွေကို ဝင်ပြီး ဗီဒိုတွေ ဖွင့် ပစ္စည်းတွေရှာ ယူတယ်။လူ တစ်ယောက် ဖမ်းခံရတယ်လို့လည်း ကြားတယ်”ဟု မြစ်ခြေမြို့မှ အမျိုးသားတစ်ဦး ရှင်းပြသည် ။

အကြမ်းဖက်စစ်ကောင်စီသည် ပခုက္ကူဒေသအတွင်း ယခုလပိုင်းမှစ၍ ထိုးစစ်ဆင်နေကာ ရာနှင့်ချီသော လူ သားဒိုင်းများလည်း အသုံးပြုနေသည်ဟု ပြည်သူ့တပ်ဖွဲ့များက အသိပေးသည်။

ထို့အပြင် ဇန်နဝါရီ ၁၂ရက်က မြစ်ခြေ-ကျွန်းချောင်းလမ်းပိုင်းပေါ်တွင် လှည့်လည်သွားလာနေသည့် အကြမ်းဖက် စစ်ကောင်စီယာဥ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး စစ်သားသုံးဦး ထိခိုက်မှုရှိကြောင်း မြစ်ခြေ- ကျွန်းချောင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

သတင်း

စစ်ကိုင်းမြို့က စစ်ကောင်စီရဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပခုက္ကူခရိုင်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့အန္တရာယ်ကို ပြည်သူတွေ ပိုမိုသတိရှိကြဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။