Connect with us

Hi, what are you looking for?

News

တီးတိန်နှင့်ချင်းပြည်နယ်​မြောက်ပိုင်း​ဒေသများ ရိက္ခာစု​ဆောင်းထားရန်၊ ကုန်သည်များ​ဈေးတင်မ​ရောင်းရန် ​ဒေသခံကာကွယ်​ရေးတပ်များသတိပေး

တိုက်ပွဲများမှာ ကလေးမြို့မှ တီးတိန်၊တွန်းဇံ၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်မြို့ကို ဆက်သွယ်ထားသည့် ကလေး-သိုင်းငင်းလမ်းမပေါ် ရှိ၊ထေးဇန်ကျေးရွာနှင့် ဟိန်ဇိန်ကျေးရွာအနီးဖြစ်ပွားနေခြင်းဖြစ်သည်။

(တီးတိန်မြို့)

တိုက်ပွဲများပြင်းထန်နေသောကြောင့် တီတိန်းမြို့အပါအဝင်ချင်းပြည်နယ်မြောက်ပိုင်းဒေသများတွင် ကုန်ဈေးနှုန်းမြင့်တက်နေပြီး စားသောက်ကုန်များ ပြတ်လပ်နိုင်၍ ကြိုတင်စုဆောင်းထားကြရန် ဒေသခံကာကွယ်ရေးတပ်များက ယမန်နေ့ (ဇန်နဝါရီ ၁၆) ကသတိပေးလိုက်သည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်များနှင့် ဒေသခံကာကွယ်ရေးတပ်များကြား ၂၀၂၂ဇန်နဝါရီ ၁၂ ရက်မှစတင်ပြီး စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်မြောက်ပိုင်း ဒေသများကို ဆက်သွယ်ထားလမ်းမကြီးတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်။

(တီးတိန်မြို့)

တိုက်ပွဲများကြောင့် ချင်းပြည်နယ်မြောက်ပိုင်းတွင်ကုန်စည်စီးဆင်းမှုရပ်တန့်သွားပြီး ဒေသအတွင်း ကုန်ဈေးနှုန်းများလည်း အဆမတန်မြင့်တက်နေသည်။ထိုကြောင့် ဒေသခံပြည်သူများအနေဖြင့် အစာရေစာပြက်တောက်နိုင်ပါသဖြင့် ကြိုတင်သိုလှောင်ထားရှိကြရန်နှင့် ကုန်ကူးသန်းရောင်းဝယ်သူများအနေဖြင့် ပုံမှန်ဈေးနှုန်းအတိုင်းသာရောင်းချပါရန် ပြည်သူ့ကာကွယ်ရေးတပ် (PDA) က မေတ္တာရပ်ခံထားသည်။ ကုန်ဈေးနှုန်းများ အဆမတန်မြှင့်တင်ရောင်းချ ကိုယ်ကျိုးစီးပွားရှာဖွေသူများကိုလည်း အကြောင်းကြားတိုင်ကြားပေးရန်လည်း သတိပေးထားသည်။

တိုက်ပွဲများမှာ ကလေးမြို့မှ တီးတိန်၊တွန်းဇံ၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်မြို့ကို ဆက်သွယ်ထားသည့် ကလေး-သိုင်းငင်းလမ်းမပေါ် ရှိ၊ထေးဇန်ကျေးရွာနှင့် ဟိန်ဇိန်ကျေးရွာအနီးဖြစ်ပွားနေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်​ကြောင်းထိုးလာသည့်အကြမ်းဖက်စစ်ကောင်စီတပ်များကို ဒေသခံကာကွယ်ရေးတပ်များဖြစ်သည့် PDF Zoland, CDM Siyin, Zogam Army, PDA, CNA, CNDF, Zomi PDF နှင့် Kalay PDF များအပြင် နီးစပ်ရာ ကျေးရွာအသီးသီးမှ ပြည်သူများက ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်ဟု PDF-Zolandက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။