Connect with us

Hi, what are you looking for?

LuduNwayOo

News

တီးတိန်နှင့်ချင်းပြည်နယ်​မြောက်ပိုင်း​ဒေသများ ရိက္ခာစု​ဆောင်းထားရန်၊ ကုန်သည်များ​ဈေးတင်မ​ရောင်းရန် ​ဒေသခံကာကွယ်​ရေးတပ်များသတိပေး

တိုက်ပွဲများမှာ ကလေးမြို့မှ တီးတိန်၊တွန်းဇံ၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်မြို့ကို ဆက်သွယ်ထားသည့် ကလေး-သိုင်းငင်းလမ်းမပေါ် ရှိ၊ထေးဇန်ကျေးရွာနှင့် ဟိန်ဇိန်ကျေးရွာအနီးဖြစ်ပွားနေခြင်းဖြစ်သည်။

(တီးတိန်မြို့)

တိုက်ပွဲများပြင်းထန်နေသောကြောင့် တီတိန်းမြို့အပါအဝင်ချင်းပြည်နယ်မြောက်ပိုင်းဒေသများတွင် ကုန်ဈေးနှုန်းမြင့်တက်နေပြီး စားသောက်ကုန်များ ပြတ်လပ်နိုင်၍ ကြိုတင်စုဆောင်းထားကြရန် ဒေသခံကာကွယ်ရေးတပ်များက ယမန်နေ့ (ဇန်နဝါရီ ၁၆) ကသတိပေးလိုက်သည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်များနှင့် ဒေသခံကာကွယ်ရေးတပ်များကြား ၂၀၂၂ဇန်နဝါရီ ၁၂ ရက်မှစတင်ပြီး စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်မြောက်ပိုင်း ဒေသများကို ဆက်သွယ်ထားလမ်းမကြီးတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်။

(တီးတိန်မြို့)

တိုက်ပွဲများကြောင့် ချင်းပြည်နယ်မြောက်ပိုင်းတွင်ကုန်စည်စီးဆင်းမှုရပ်တန့်သွားပြီး ဒေသအတွင်း ကုန်ဈေးနှုန်းများလည်း အဆမတန်မြင့်တက်နေသည်။ထိုကြောင့် ဒေသခံပြည်သူများအနေဖြင့် အစာရေစာပြက်တောက်နိုင်ပါသဖြင့် ကြိုတင်သိုလှောင်ထားရှိကြရန်နှင့် ကုန်ကူးသန်းရောင်းဝယ်သူများအနေဖြင့် ပုံမှန်ဈေးနှုန်းအတိုင်းသာရောင်းချပါရန် ပြည်သူ့ကာကွယ်ရေးတပ် (PDA) က မေတ္တာရပ်ခံထားသည်။ ကုန်ဈေးနှုန်းများ အဆမတန်မြှင့်တင်ရောင်းချ ကိုယ်ကျိုးစီးပွားရှာဖွေသူများကိုလည်း အကြောင်းကြားတိုင်ကြားပေးရန်လည်း သတိပေးထားသည်။

တိုက်ပွဲများမှာ ကလေးမြို့မှ တီးတိန်၊တွန်းဇံ၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်မြို့ကို ဆက်သွယ်ထားသည့် ကလေး-သိုင်းငင်းလမ်းမပေါ် ရှိ၊ထေးဇန်ကျေးရွာနှင့် ဟိန်ဇိန်ကျေးရွာအနီးဖြစ်ပွားနေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်​ကြောင်းထိုးလာသည့်အကြမ်းဖက်စစ်ကောင်စီတပ်များကို ဒေသခံကာကွယ်ရေးတပ်များဖြစ်သည့် PDF Zoland, CDM Siyin, Zogam Army, PDA, CNA, CNDF, Zomi PDF နှင့် Kalay PDF များအပြင် နီးစပ်ရာ ကျေးရွာအသီးသီးမှ ပြည်သူများက ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်ဟု PDF-Zolandက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ၆၀ မမ အဝေးပစ်ပို့ယမ်း (၅)ထုပ်ရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။