Connect with us

Hi, what are you looking for?

News

အရာ​တော်နယ် ​ငွေတွင်းရွာမှ ထွက်ရှိ​သော သီးနှံတစ်ဝက်ကို စစ်​ကောင်စီတပ်နှင့် ပျူ​စောထီးအဖွဲ့က အခွန်​ကောက်ယူ​နေ

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ငွေတွင်းကျေးရွာမှထွက်ရှိသော ကောက်ပဲသီးနှံ တစ်ဝက်ကို အခွန်အခအဖြစ် အကြမ်းဖက်စစ်​ကောင်စီတပ် နှင့် ပျူစောထီးတို့က ဓားပြတိုက်သိမ်းယူနေကြောင်း ဒေသခံမဟာမိတ်တပ်ပေါင်းစုက ယနေ့(ဇန်နဝါရီ ၁၇ ရက်)တွင် ထုတ်ပြန် သည်။

▪️​ငွေတွင်းရွာမှ ကုန်ပစ္စည်းများ သယ်​ဆောင်ခြင်းမပြုရန် ဗိုလ်​ပေါက်စီ​ သတိ​ပေး

ထို့အပြင် ငွေတွင်းကျေးရွာရှိ ပျူစောထီးအဖွဲ့က ကွမ်းခြင်းတင်ကားများ၊ကုန်စိမ်းတင်ကားများကို ကိုယ်တိုင်ထွက်ရှိခြင်း မပြုတော့ဘဲ ရွာနီးစပ်ချုပ် ကျေးရွာမှ ကားများဖြင့် တင်ပို့ရောင်းချနေသည်ဟု မဟာမိတ်တပ်ပေါင်းစုက ဆိုသည်။

“ဒီလ ၁၀ရက်တုန်းက ငွေတွင်းကျေးရွာက ပျူစောထီးတွေ အုပ်လိုက် သေခဲ့တာကြောင့် သူတို့ကားနဲ့ မထွက်ရဲတော့ဘူး။ဘယ်ရွာမှာ ဘာကားရှိတယ် ဆိုတာ ကျွန်တော်တို့ အကုန်သိတယ်။ဒါကြောင့် ပျူစောထီးရွာ ဖြစ်တဲ့ ငွေတွင်စကျေးရွာက ထွက်ရှိနေတဲ့ မည်သည့်ပစ္စည်းကိုမဆို မသယ်ဆောင်ဖို့ တားမြစ်တာပါ”ဟု အရာတော်မြို့နယ် တော်လှန်ရေးအင်အားစုမှ ဗိုလ်ပေါက်စီက ရှင်းပြသည်။

ထို့ကြောင့် ယနေ့မှစ၍ နောက်သုံးရက်အတွင်း ပညာပေးကာလအဖြစ် ငွေတွင်းကျေးရွာမှ ကုန်များတင်ဆောင်လာသည်ကိုတွေ့ရှိပါက ကွမ်းခြင်များ၊ကုန်စိမ်များကို ဆွဲချမည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

သတ်မှတ်ရက်ကျော်လွန်ပြီးနောက် စစ်ဆေးတွေ့ရှိပါက ငွေတွင်းကျေးရွာမှ ကုန်များတင်လာသော မည်သည့် ကားမဆို ၎င်းတို့ တာဝန်သာဖြစ်ကြောင်းမဟာ မိတ်တပ်ပေါင်းစုက သတိပေးသည်။

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီး များသည် ငွေတွင်းကျေးရွာမှထွက်ရှိနေသော ကွမ်းအချိန် ပိဿ ၁၀၀လျှင် ပိဿ ၅၀၊မြေပဲတင်း ၁၀၀ လျှင်တင်း ၅၀ကို အခွန်အခကောက်ယူနေသည်မှာ ပြည်သူလူထုကို နှိပ်စက်ခြင်းနှင့် စစ်ကျွန်သက်တမ်းရှည်စေနိုင်သည့်အတွက် တားမြစ်ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook