Connect with us

Hi, what are you looking for?

News

စစ်ရှောင်များအားတိုက်ခိုက်ခြင်းအပါအဝင် စစ်ကောင်စီ၏ အကြမ်းဖက်မှုများရပ်တန့်ရေး နိုင်ငံတကာမှ အမြန်အရေးယူရန် ဒီးမော့ဆို PDF တောင်းဆို

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကရင်နီ၊ ကရင်၊ စစ်ကိုင်း၊ မကွေးနှင့် ချင်းဒေသများရှိ ဒေသခံပြည်သူအရပ်သားများ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ပျက်စီးမှုများ ကြုံတွေ့နေရသည်။

▪️က​လေးငယ်တစ်ဦးအပါအဝင် စစ်ဘေး​ရှောင်သုံးဦး​သေဆုံး

အကြမ်းဖက်စစ်‌ကောင်စီတပ်ဖွဲ့၏ အကြမ်းဖက်လုပ်ရပ်အား ရပ်တန့်စေရန်အတွက် နိုင်ငံတကာမှ အမြန်ဆုံးအရေးယူဆောင်ရွက်ပေးရန် ပြည်သူ့ကာကွယ်ရေးတပ် -ဒီးမော့ဆို(DMO-PDF)က တောင်းဆိုချက်ထုတ်ပြန်ခဲ့သည်။

ယနေ့(ဇန်နဝါရီ ၁၇)နံနက်အစောပိုင်းတွင် ဖရူဆိုမြို့နယ် ဟိုယာကျေးရွာအုပ်စု ရီခီးဘူးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားမှုမရှိပဲ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းအပေါ် ဒီးမော့ဆို PDFက သဘောထား ထုတ်ပြန်ခဲ့သည်။

ရီခီးဘူးကျေးရွာတွင် လာရောက်စစ်ဘေးရှောင် အများအပြားရှိခဲ့ပြီး ဗုံးကြဲပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် (၈)နှစ်အရွယ်မိန်းက​လေးငယ်တစ်ဦး၊ (၁၈)နှစ်အရွယ်အမျိုးသမီးနှင့် အမျိုးသားအသက် (၇၅)နှစ် စုစုပေါင်းအပြစ်မဲ့ပြည်သူသုံးဦး သေဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်သည် အပြစ်မဲ့ပြည်သူ လူထုကို အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခြင်း၊ စစ်ဘေးရှောင်ပြည်သူလူထုအပေါ် ဗုံးကြဲပစ်ခတ်ခြင်း၊ ရပ်ကွက်ကျေးရွာနေပြည်သူလူထုအပေါ် ရည်ရွယ် ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်ခြင်းများ တစ်နေ့တစ်ခြားပြုလုပ်လာနေသည်ကို တွေ့ရှိရကြောင်း ဒီးမော့ဆို PDFက ထုတ်ပြန်သည်။

ထိုသို့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ လုပ်ရပ်အပေါ် အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်း၊စစ်ကောင် စီတပ်၏ ဗုံးကြဲပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သော အပြစ်မဲ့ပြည်သူသုံးဦးတို့၏ ကျန်ရစ်သူမိသားစုနှင့် ထပ်တူဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကရင်နီ၊ ကရင်၊ စစ်ကိုင်း၊ မကွေးနှင့် ချင်းဒေသများရှိ ဒေသခံပြည်သူအရပ်သားများ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ပျက်စီးမှုများ ကြုံတွေ့နေရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။