Connect with us

Hi, what are you looking for?

News

စစ်ကောင်စီက စစ်ရှောင်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်လာ၍ ပြည်သူများပိုသတိရှိကြရန် KNPP စစ်ဦးစီးချုပ်တိုက်တွန်း

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၁၇ရက်တွင် ဖရူဆို အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းနှစ်ခုကို လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့၍ စစ်ရှောင်သုံးဦး သေဆုံးခဲ့ရာယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး KNPP လက်အောက်ခံတပ် ဖြစ်သည့် KA စစ်ဦးစီးချုပ်က ယခုကဲ့သို့ သတိပေးခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်က စစ်ရှောင်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်လာ၍ ကရင်နီလူထုများအနေဖြင့် သတိရှိကြရန်လိုအပ်ကြောင်း ကရင်နီတပ်မတော်(KA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူးက အသိပေးတိုက်တွန်းထားကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းဖော်ပြသည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၁၇ရက်တွင် ဖရူဆို အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းနှစ်ခုကို လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့၍ စစ်ရှောင်သုံးဦး သေဆုံးခဲ့ရာယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး KNPP လက်အောက်ခံတပ် ဖြစ်သည့် KA စစ်ဦးစီးချုပ်က ယခုကဲ့သို့ သတိပေးခြင်းဖြစ်သည်။

ဗုံးကြဲတိုက်ခိုက်ခံရသည့် စစ်ရှောင်စခန်းနှစ်ခုမှာ ပျက်စီးသွားခဲ့ပြီး အနီးတ၀ိုက်ရှိ စစ်ဘေးရှောင်များလည်း စခန်း၌ မနေရဲဘဲဖြစ်နေကြောင်း KNPP၏ သတင်းနှင့် ပြန်ကြားရေးဌာန KNICက ဖော်ပြသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ကို ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်ခဲ့သည့် ကရင်နီဒေသတွင် ဒေသခံ ပြည်သူသိန်းနှင့်ချီ၍ စစ်ဘေးတိမ်းရှောင်နေကြရသည်။ ကရင်နီဒေသများဖြစ်သော လွိုင်ကော်၊ ဒီးမော့ဆို၊ ဖယ်ခုံနှင့် ဖရူဆိုဒေသများ၌ ဒေသခံများ စစ်ဘေးဒုက္ခကြုံတွေ့နေရပြီး အခက်အခဲများစွာ ရင်ဆိုင်နေကြရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။