Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီက စစ်ရှောင်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်လာ၍ ပြည်သူများပိုသတိရှိကြရန် KNPP စစ်ဦးစီးချုပ်တိုက်တွန်း

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၁၇ရက်တွင် ဖရူဆို အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းနှစ်ခုကို လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့၍ စစ်ရှောင်သုံးဦး သေဆုံးခဲ့ရာယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး KNPP လက်အောက်ခံတပ် ဖြစ်သည့် KA စစ်ဦးစီးချုပ်က ယခုကဲ့သို့ သတိပေးခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်က စစ်ရှောင်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်လာ၍ ကရင်နီလူထုများအနေဖြင့် သတိရှိကြရန်လိုအပ်ကြောင်း ကရင်နီတပ်မတော်(KA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူးက အသိပေးတိုက်တွန်းထားကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းဖော်ပြသည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၁၇ရက်တွင် ဖရူဆို အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းနှစ်ခုကို လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့၍ စစ်ရှောင်သုံးဦး သေဆုံးခဲ့ရာယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး KNPP လက်အောက်ခံတပ် ဖြစ်သည့် KA စစ်ဦးစီးချုပ်က ယခုကဲ့သို့ သတိပေးခြင်းဖြစ်သည်။

ဗုံးကြဲတိုက်ခိုက်ခံရသည့် စစ်ရှောင်စခန်းနှစ်ခုမှာ ပျက်စီးသွားခဲ့ပြီး အနီးတ၀ိုက်ရှိ စစ်ဘေးရှောင်များလည်း စခန်း၌ မနေရဲဘဲဖြစ်နေကြောင်း KNPP၏ သတင်းနှင့် ပြန်ကြားရေးဌာန KNICက ဖော်ပြသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ကို ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်ခဲ့သည့် ကရင်နီဒေသတွင် ဒေသခံ ပြည်သူသိန်းနှင့်ချီ၍ စစ်ဘေးတိမ်းရှောင်နေကြရသည်။ ကရင်နီဒေသများဖြစ်သော လွိုင်ကော်၊ ဒီးမော့ဆို၊ ဖယ်ခုံနှင့် ဖရူဆိုဒေသများ၌ ဒေသခံများ စစ်ဘေးဒုက္ခကြုံတွေ့နေရပြီး အခက်အခဲများစွာ ရင်ဆိုင်နေကြရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။