Connect with us

Hi, what are you looking for?

News

နာမည်ကြီးပျူစောထီးနှစ်ဦးပါဝင်သည့် စစ်ကောင်စီလက်ဝေခံအစည်းအဝေး တိုက်ခိုက်ခံရ

စစ်ကောင်စီ၏လက်ပါးစေများ အစည်းအဝေးလုပ်သည့်နေရာမှာ ပခုက္ကူမြို့ (၁၁)ရပ်ကွက် ၆ လမ်းယောထိပ်တန်း အနီးရှိ အထည်ဆိုင်တစ်ဆိုင်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ပျူစောထီးနှစ်ဦး ထိခိုက်မှုပြင်းထန်ဟုဆို

နာမည်ကြီးပျူစောထီးနှစ်ဦးပါဝင်သည့် စစ်ကောင်စီလက်ဝေခံများ၏ လျှို့ဝှက်အစည်း အဝေးပြုလုပ်သည့် နေရာအား တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က ယနေ့(ဇန်နဝါရီ ၁၇)ထုတ်ပြန်သည်။

ယမန်နေ့(ဇန်နဝါရီ ၁၆)ညနေပိုင်းက ပခုက္ကူမြို့သို့ရောက်ရှိနေသည့် ညောင်ဦးမြို့နယ်မှ နာမည်ကြီးပျူစောထီး နှစ်ဦး၊ ရဲတစ်ဦးနှင့် မြို့ခံအမျိုးသမီးတစ်ဦးတို့ပြုလုပ်နေသည့် လျှို့ဝှက်အစည်းအဝေးနေရာကို ဗုံးပစ်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီ၏လက်ပါးစေများ အစည်းအဝေးလုပ်သည့်နေရာမှာ ပခုက္ကူမြို့ (၁၁)ရပ်ကွက် ၆ လမ်းယောထိပ်တန်း အနီးရှိ အထည်ဆိုင်တစ်ဆိုင်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

Public Service Announcement

Public Service Announcement

“ကျွန်ုပ်တို့ မြို့ပြပြောက်ကျားတပ်ဖွဲ့(ပခုက္ကူ)မှ သြဇာသီးကြွေးခဲ့ရာ ပျူ ကျား ၁၊ မ ၁ အပြင်း အထန်ဝမ်းပျက် ဝမ်းလျှော ဖြစ်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်”ဟု ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(၂)မှ ရဲဘော်ကြယ်နီက ပြောသည်။

ထို့အပြင် နောင်တွင်လည်း စစ်ကောင်စီ၏သတင်းပေးများ၊ ရဲနှင့်စစ်သားများအား အလျှဥ်းသင့်သလို တိုက်ခိုက် သွားမည်ဖြစ်ကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

အလားတူ ပခုက္ကူမြို့ရှိ ပက်မြန်မာချေးငွေလုပ်ငန်းနှင့်ပတ်သက်ပြီး ပြည်သူ့တိုင်ကြားချက် ၁၀၀ခန့်လက်ခံ ရရှိထားသောကြောင့် ချေးငွေလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ယခုကာလတွင်း ချေးငွေများ ပြန်လည်တောင်းယူ ခြင်းများမပြုလုပ်ရန် သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Facebook