Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်​ယောနယ်ကို ထိုးစစ်ဆင်လာနိုင်၍ ပြည်သူများစစ်​ရေးသတိရှိရန် PDFများသတိပေး

“ဂန့်ဂေါနဲ့ ယောနယ်က PDF စခန်းတွေကို ဖျက်ဆီးမယ်လို့ ကျွန်တော်တို့ သတင်းရထားတယ်။ ဒါကိုသတိကြီးကြီးထားပြီး ဖြတ်ကျော်ကြရမယ်။ ကျန်တာတော့ ကျွန်တော်တို့မပြောသေးဘူး”ဟု ယောဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

(ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF )၏ အထူးကွန်မန်ဒိုတပ်ဖွဲ့ ဓါတ်ပုံ-YDF)

ကလေးမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားထပ်တိုးမြှင့်နေပြီး ကလေးနှင့်ထိစပ်နေသော ယောနယ်ကို ထိုးစစ်ဆင်လာနိုင်၍ ပြည်သူများ စစ်ရေးသတိရှိကြရန် ဒေသခံပြည့်သူ့ကာကွယ်ရေးတပ်များက သတိပေးသည်။

ယနေ့(ဇန်နဝါရီ ၁၇ရက်)နေ့လယ် ၁ နာရီခန့်ကကလေးမြို့လေယာဥ်ကွင်းတွင် Mi35 နှစ်စီးနှင့်ရဟတ်ယာဥ် ၄ စီး ရှေ့ဆင့်နောက်ဆင့် ဆင်းသက်လာပြီးနောက်စစ်ကောင်စီတပ်သားအင်အားအများအပြား ချထားခဲ့သည်ဟု ဒေသခံများက People’s Spring သို့ ပြောသည်။

ထို့​ကြောင့်စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း ထိစပ်ရာဒေသဖြစ်သော ယောနယ်ကို ယခင်ကထက် ပြင်းထန်သော စစ်ရေးဖြင့် တိုက်ခိုက်လာမည့်အခြေအနေဟု ပြည်သူ့ကာကွယ်ရေးတပ်များက ခန့်မှန်းသည်။

(ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF )၏ အထူးကွန်မန်ဒိုတပ်ဖွဲ့ ဓါတ်ပုံ-YDF)

“ဂန့်ဂေါနဲ့ ယောနယ်က PDF စခန်းတွေကို ဖျက်ဆီးမယ်လို့ ကျွန်တော်တို့ သတင်းရထားတယ်။ ဒါကိုသတိကြီးကြီးထားပြီး ဖြတ်ကျော်ကြရမယ်။ ကျန်တာတော့ ကျွန်တော်တို့မပြောသေးဘူး”ဟု ယောဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့ ညနေပိုင်းတွင်ဂန့်ဂေါ-ယော-စော တလျှောက် PDF စခန်း တည်နေရာ များအား Mi35 ရဟတ်ယာဉ်ပေါ်တွင်ကစထ(၆)မှူး ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်၊ဗျူဟာမှူး၊ ဒကစမှူး အဖွဲ့များ ကိုယ်တိုင်လိုက်ပါပြီးလေကြောင်းမှ ပစ်ခတ်ချေမှုန်း အမိန့်ပေးစေခိုင်းလျှက်ရှိကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။

ယောနယ်သည် စစ်ကောင်စီအားခုခံတိုက်ခိုက်ရာတွင်အား​ကောင်းသည့် ဒေသဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ဦးဆောင်မှုအောက်တွင် လက်တွဲညီညီ လှုပ်ရှားနေသည်။ဇန်နဝါရီ ၁၆ ရက်နေ့ကလည်း အမျိုးသမီးစစ်သည်များအပါအဝင် အင်အားနှစ်ရာကျော်ပါဝင်သည့် စစ်သင်တန်းဆင်းခဲ့သည်ဟု ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။