Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီတပ်​ယောနယ်ကို ထိုးစစ်ဆင်လာနိုင်၍ ပြည်သူများစစ်​ရေးသတိရှိရန် PDFများသတိပေး

“ဂန့်ဂေါနဲ့ ယောနယ်က PDF စခန်းတွေကို ဖျက်ဆီးမယ်လို့ ကျွန်တော်တို့ သတင်းရထားတယ်။ ဒါကိုသတိကြီးကြီးထားပြီး ဖြတ်ကျော်ကြရမယ်။ ကျန်တာတော့ ကျွန်တော်တို့မပြောသေးဘူး”ဟု ယောဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

(ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF )၏ အထူးကွန်မန်ဒိုတပ်ဖွဲ့ ဓါတ်ပုံ-YDF)

ကလေးမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားထပ်တိုးမြှင့်နေပြီး ကလေးနှင့်ထိစပ်နေသော ယောနယ်ကို ထိုးစစ်ဆင်လာနိုင်၍ ပြည်သူများ စစ်ရေးသတိရှိကြရန် ဒေသခံပြည့်သူ့ကာကွယ်ရေးတပ်များက သတိပေးသည်။

ယနေ့(ဇန်နဝါရီ ၁၇ရက်)နေ့လယ် ၁ နာရီခန့်ကကလေးမြို့လေယာဥ်ကွင်းတွင် Mi35 နှစ်စီးနှင့်ရဟတ်ယာဥ် ၄ စီး ရှေ့ဆင့်နောက်ဆင့် ဆင်းသက်လာပြီးနောက်စစ်ကောင်စီတပ်သားအင်အားအများအပြား ချထားခဲ့သည်ဟု ဒေသခံများက People’s Spring သို့ ပြောသည်။

ထို့​ကြောင့်စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း ထိစပ်ရာဒေသဖြစ်သော ယောနယ်ကို ယခင်ကထက် ပြင်းထန်သော စစ်ရေးဖြင့် တိုက်ခိုက်လာမည့်အခြေအနေဟု ပြည်သူ့ကာကွယ်ရေးတပ်များက ခန့်မှန်းသည်။

(ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF )၏ အထူးကွန်မန်ဒိုတပ်ဖွဲ့ ဓါတ်ပုံ-YDF)

“ဂန့်ဂေါနဲ့ ယောနယ်က PDF စခန်းတွေကို ဖျက်ဆီးမယ်လို့ ကျွန်တော်တို့ သတင်းရထားတယ်။ ဒါကိုသတိကြီးကြီးထားပြီး ဖြတ်ကျော်ကြရမယ်။ ကျန်တာတော့ ကျွန်တော်တို့မပြောသေးဘူး”ဟု ယောဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့ ညနေပိုင်းတွင်ဂန့်ဂေါ-ယော-စော တလျှောက် PDF စခန်း တည်နေရာ များအား Mi35 ရဟတ်ယာဉ်ပေါ်တွင်ကစထ(၆)မှူး ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်၊ဗျူဟာမှူး၊ ဒကစမှူး အဖွဲ့များ ကိုယ်တိုင်လိုက်ပါပြီးလေကြောင်းမှ ပစ်ခတ်ချေမှုန်း အမိန့်ပေးစေခိုင်းလျှက်ရှိကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။

ယောနယ်သည် စစ်ကောင်စီအားခုခံတိုက်ခိုက်ရာတွင်အား​ကောင်းသည့် ဒေသဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ဦးဆောင်မှုအောက်တွင် လက်တွဲညီညီ လှုပ်ရှားနေသည်။ဇန်နဝါရီ ၁၆ ရက်နေ့ကလည်း အမျိုးသမီးစစ်သည်များအပါအဝင် အင်အားနှစ်ရာကျော်ပါဝင်သည့် စစ်သင်တန်းဆင်းခဲ့သည်ဟု ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

အမေရိကန်ကတော့ အစ္စရေးရော၊ ဟားမားစ်ပါ အပြန်အလှန် တင်းတင်းမာမာ တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့ လျှော့သင့်သလောက် လျှော့ပေါ့ပေးပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ အထမြောက်အောင် အစဉ်တစိုက် ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။