Connect with us

Hi, what are you looking for?

News

ကော့ကရိတ်မှာ တိုက်ပွဲ​တွေဆက်​နေပြီးစစ်​ဘေး​ရှောင် နှစ်ဆ​ကျော်တိုးလာ

“တိုးလာတယ် ၂၀၀၀ ကနေ ၅၀၀၀။ လေကြောင်းနဲ့တိုက်ကတည်းက သူတို့က မနေရဲတော့ဘူး။ ခန့်မှန်းချက်​ပေါ့လေ ၅၀၀၀ အဲ့လောက်ရှိတယ်လို့တော့ပြောကြတယ်။ လေကြောင်းတိုက်ခိုက်မှုရော မြေပြင်တိုက်ခိုက်မှုရော လုပ်နေတယ်” လို့ စောနန္ဒဆူးက ပြောပါတယ်။

ကော့ကရိတ်မြို့နယ်အတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်ကောင်စီရဲ့ စစ်ဆင်ရေးလှုပ်ရှားမှုကြောင့် စစ်ဘေးရှောင်ဦးရေ နှဆခွဲ​လောက်ပိုတိုးလာခဲ့ပြီး အကူအညီတွေလိုအပ်နေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)ဆီကနေ သိရပါတယ်။

အခုရက်ပိုင်းတွေအတွင်း ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်ထဲမှာ KNLA တပ်မဟာ ၆ နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုတွေအပြင် လေယာဉ်နဲ့ပါလာရောက်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေခဲ့တာပါ။

စစ်ကောင်စီဘက်က လေယာဉ်နဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်လာခဲ့တာကြောင့် ကော့ကရိတ်မြို့နယ်ထဲက ကော့နွဲ့ အံကလော် မြို့ဟောင်း မိဂသိန်၊ ကမိုင်ကုန်း၊ ရွာသစ်စတဲ့ ကျေးရွာ ၁၀ ကျော်က ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာဖြစ်ပါတယ်။

Public Service Announcement

စစ်ဘေးရှောင်ဦးရေဟာ အရင်က (၂၀၀၀) ဝန်းကျင်ရှိရာကနေ အခုရက်ပိုင်းထဲ စစ်ကောင်စီဘက်က လေယာဉ်နဲ့လာတိုက်ခိုက်မှုတွေ ပိုလုပ်လာခဲ့လို့ ထွက်ပြေးတိမ်းရှောင်သူဦးရေ ပိုမိုများပြားလာခဲ့ပြီး လက်ရှိမှာ ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ရှောင်ဦးရေဟာ (၅၀၀၀) အထိရှိလာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ပြောခွင့်ရသူ စောနန္ဒဆူးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“တိုးလာတယ် ၂၀၀၀ ကနေ ၅၀၀၀။ လေကြောင်းနဲ့တိုက်ကတည်းက သူတို့က မနေရဲတော့ဘူး။ ခန့်မှန်းချက်​ပေါ့လေ ၅၀၀၀ အဲ့လောက်ရှိတယ်လို့တော့ပြောကြတယ်။ လေကြောင်းတိုက်ခိုက်မှုရော မြေပြင်တိုက်ခိုက်မှုရော လုပ်နေတယ်” လို့ စောနန္ဒဆူးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံရွာသားတွေအတွက် အခက်အခဲကြုံနေရပြီး စားနပ်ရိက္ခာ ဆေးဝါး အမိုးအကာစတဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါသေးတယ်။

ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးသွားခဲ့ပြီး ၁၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူနေအိမ်၊ အဆောက်အဦးနဲ့ ဘုန်းကြီးကျောင်းတွေလည်း ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။