Connect with us

Hi, what are you looking for?

News

ဂန့်ဂေါမြို့နယ် စန်းမြို့ရွာကို စစ်ကောင်စီတပ်မီးရှို့

စန်းမြို့ရွာ စစ်ဘေးရှောင်ပြည်သူများအတွက် အဝတ် အထည်၊ စားနှပ်ရိက္ခာအပါအဝင် အရေးပေါ် အကူအညီများ ထောက်ပံ့ကူညီပေးကြရန်လည်း တိုက်တွန်းတောင်းဆိုထားသည်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ် စန်းမြို့ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း နှမ်းခါးလူငယ်အဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီး၊ ဒလန်များပူးပေါင်း၍ စန်းမြို့ရွာသို့ ယနေ့(ဇန်နဝါရီ ၁၈)မွန်းလွဲ ၁နာရီခွဲခန့်တွင် ကျေးရွာသို့ ဝင်ရောက်ကာ အပြစ်မဲ့ပြည်သူလူထု နေအိမ်များကို ရွာလုံးကျွတ်နီးပါး မီးတိုက်ဖျက်ဆီးခဲ့ကြောင်း၊ ပြည်သူများ ဘေးလွတ်ကင်းရာသို့ တိမ်းရှောင်နေကြရကြောင်း ဖော်ပြထားသည်။

Public Service Announcement

စန်းမြို့ရွာ စစ်ဘေးရှောင်ပြည်သူများအတွက် အဝတ် အထည်၊ စားနှပ်ရိက္ခာအပါအဝင် အရေးပေါ် အကူအညီများ ထောက်ပံ့ကူညီပေးကြရန်လည်း တိုက်တွန်းတောင်းဆိုထားသည်။

Gangaw Youths Voice၏ ဖော်ပြချက်တွင်လည်း အင်အား ၁၀၀ခန့်ဖြင့် ဝင်ရောက်စီးနင်းလာသည့် စစ်ကောင်စီနှင့် ပျူစောထီးများက စန်းမြို့ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဒေသခံများဖမ်းဆီးခံရမှု ရှိ၊မရှိနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု အခြေအနေများ အတိအကျ မသိရသေးကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ဂန့်ဂေါနယ်ရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး ဒေသခံများအားအကြမ်းဖက်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်းများ မကြာခဏ လုပ်ဆောင်ခဲ့သည်။

စစ်ကောင်စီတပ်သည် ၂၀၂၁ ဒီဇင်ဘာလအတွင်းကလည်း စန်းမြို့ရွာရှိနေအိမ် ၂၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။