Connect with us

Hi, what are you looking for?

News

စစ်ကောင်စီယာဥ်တန်းကို ဗုံးခွဲတိုက်ခိုက်ရာ သေဆုံးသူများဟု ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်​ပြော

ထီးချိုင့်မြို့နယ်ရှိ တည်တောရွာသို့ သွားရောက်စစ်ဆေးပြီး မြို့အတွင်းသို့ ပြန်လည်ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ (၁၂ ဘီးယာဥ်)တွဲကားလေးစီးပါ ယာဥ်တန်းကို တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆို သည်။

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်၌ အကြမ်းဖက် စစ် ကောင်စီယာဥ်တန်းကို ဗုံးခွဲတိုက်ခိုက်ရာ သေဆုံးသူများ ပြားနိုင်သည်ဟု ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ထီးချိုင့်မြို့နယ်ရှိ တည်တောရွာသို့ သွားရောက်စစ်ဆေးပြီး မြို့အတွင်းသို့ ပြန်လည်ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ (၁၂ ဘီးယာဥ်)တွဲကားလေးစီးပါ ယာဥ်တန်းကို တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆို သည်။

“မနေ့က ညနေ ၆ နာရီလောက်မှာ မိုင်းဆွဲတိုက် တယ်။ခွဲတာ နှစ်လုံးခွဲတာ။သူတို့ ပြန်ဝင်မယ့်အချိန်ကို စောင့်တာပေါ့။လေးစီးမှာ စခအင်အားက ၅၀ ကျော်ပါလာတယ်။နှစ်စီးကို ထိထိမိမိထိတယ်။ သေဆုံးစာရင်းကို မသေချာမှာဆိုးလို့ မပြောသေးတာ။ဒါပေမယ့် ညတွင်းချင်း (၇)မိုင်က တပ်ဆေးရုံကို ပို့ရတာတွေအများကြီးပဲ”ဟု အထက်ပါတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

တိုက်ခိုက်မှုဖြစ်စဥ်တွင် မိုင်းဆွဲခံရသည့် အကြမ်းဖက်စစ်ကောင်စီတပ်သည် လက်နက်ငယ်အပါအဝင် ၆၀(မမ)ဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့ကြောင်းလည်း ထီးချိုင့်မြို့ခံ သတင်းရင်းမြစ်များက ဆိုသည်။

Public Service Announcement

Public Service Announcement

“မနေ့က ညနေ ၆နာရီခွဲလောက်မှာမြို့ဝင်ဂိတ်ကနေ ဆေးရုံ အသစ်ဘက် တည်တောရွာဘက်ကို ပစ်ကြတာ။ပြီးတော့ မြို့ထဲမှာလည်း ပိတ်စစ်တာတွေရှိခဲ့တယ်”ဟု ထီးချိုင့် ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံပြည်သူတပ်ဖွဲ့များအားကောင်းသည့် ထီးချိုင့်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မည်ဟု အကြိမ်ကြိမ် ခြိမ်းခြောက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။