Connect with us

Hi, what are you looking for?

News

လွိုင်ကော်စုပေါင်းရုံးရှိ စစ်ကောင်စီတပ်ကို PDF ညီနောင်သုံးဖွဲ့တိုက်ခိုက်၊ စစ်ကောင်စီဘက်မှ ခြောက်ဦးခန့်သေဟုဆို

တိုက်ပွဲ​ဖြစ်ပွားချိန် ၁၅ မိနစ်ခန့်ကြာမြင့်ပြီး အကြမ်းဖက်စစ်တပ်မှ ခြောက်ဦးခန့်သေဆုံးကာ ထိခိုက်မှုများစွာရှိခဲ့ပြီး ၎င်းတို့ဘက်မှ ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာမျှမရှိခဲ့ဘဲ ပြန် လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

People's Spring
People's Spring

ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့ စုပေါင်းရုံးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား ညီနောင်မဟာမိတ်အဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း JPDF- Rangers အဖွဲ့က ယနေ့ (ဇန်နဝါရီ ၁၉)ထုတ်ပြန်သည်။

ယမန်နေ့ ည ၁၁နာရီ ၄၅ခန့်က လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်ရှိ ခရိုင်စုပေါင်းရုံး အား တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ပွဲ​ဖြစ်ပွားချိန် ၁၅ မိနစ်ခန့်ကြာမြင့်ပြီး အကြမ်းဖက်စစ်တပ်မှ ခြောက်ဦးခန့်သေဆုံးကာ ထိခိုက်မှုများစွာရှိခဲ့ပြီး ၎င်းတို့ဘက်မှ ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာမျှမရှိခဲ့ဘဲ ပြန် လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

“သေဆုံးစာရင်းအား ထပ်မံစီစစ်ဆဲဖြစ်ပါသည်”ဟု JPDF-Rangers အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

“အဲဒီစုပေါင်းရုံးမှာ စစ်ခွေးတွေက ၇၀ ကနေ ၁၀၀ ကြားရှိတယ်ဗျ။ပြီးတော့ သူတို့ ဘယ်မှာ ကင်းပုန်းနေတယ် ဆိုတာ ကျွန်တော်တို့ အတိအကျရတယ်။နောက်ပြီး ဒီလမ်း၊ဒီနေရာတွေက ကျွန်တော်တို့ မွေးလာခဲ့တဲ့နေရာတွေ။သူတို့သာ လေယာဥ်ပျံ မသုံးနိုင်ရင် ကျွန်တော်တို့ တိုက်ပွဲက ဒီထက်မက နိုင်နေပြီလို့ ပြောလို့ရတယ်”ဟု အဆိုပါ တိုက်ခိုက်ရာတွင် ပါဝင်သော KDF ၏ ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

အထက်ပါ လွိုင်ကော်ခရိုင်စုပေါင်းရုံးတိုက်ခိုက်မှုကို JPDF ၊ KDF နှင့် GZ21စသည့် ညီနောင်သုံးဖွဲ့မှ စုပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

လွိုင်ကော်မြို့နှင့် အနီးတစ်ဝိုက်အား အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများအပါအဝင် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ပြည်သူအများအပြား ဘေးလွတ်ရာ တိမ်းရှောင်နေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။