ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေး ဝန်ထမ်းများအနေဖြင့် ဇန်နဝါရီ ၂၆ရက် နောက်ဆုံးထား၍ နုတ်ထွက်ကြရန် သတိပေးအကြောင်းကြားကြောင်းရွှေကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)က ယနေ့ ထုတ်ပြန်သည်။
ကျေးရွာပေါင်း ၆၃ရွာ၏ အမည်ကို ဖော်ပြ၍ အဆိုပါ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးဝန်ထမ်းများ နုတ်ထွက်ကြရန် သတိပေးထားခြင်းဖြစ်သည်။
ထို့အပြင် ပြည်သူများအနေဖြင့် မန္တလေး – ဗန်းမော် ကားလမ်းမကြီးပေါ်၌ ညနေ ၆နာရီမ နံနက် ၅နာရီအတွင်း ဖြတ်သန်းသွားလာခြင်းမပြုရန် အကြောင်းကြားစာ၌ ဖော်ပြထားသည်။
စစ်ကောင်စီတပ်ဖွဲ့များ၊ စစ်ကောင်စီယာဉ်တန်းများနှင့် ဝေးစွာရှောင်ရှား၍ သွားလာကြရန်လည်း သတိပေး အကြောင်းကြားသည်ဟု ရွှေကူ PDFက ထုတ်ပြန်သည်။

Public Service Announcement


















































