Connect with us

Hi, what are you looking for?

News

ဂန့်​ဂေါနယ်က စန်းမြို့ရွာကို စစ်​ကောင်စီတပ်နှင့် ပျူ​စောထီး မီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ်နှင့် လက်ပါးစေ ပျူစောထီးများ၏ အကြမ်းဖက်ရန်ကြောင့် ဒေသခံအမြောက်အများမှာ နေရပ်စွန့်ခွာတိမ်းရှောင်နေရသည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

▪️​နေအိမ် ၁၆၀ မီး​လောင်ဆုံးရှုံး

မ​ကွေးတိုင်း ဂန့်ဂေါမြို့နယ် စန်းမြို့ကျေးရွာမှ ​ဒေသခံများ၏ နေအိမ် ၁၆၀ကို အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ (ဇန်နဝါရီ ၂၀) တွင် ထုတ်ပြန်သည်။

ဇန်နဝါရီ၁၈ရက်က အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် လက်ပါးစေပျူစောထီးများသည် စန်းမြို့ကျေး ရွာကို ဝင်ရောက်လာပြီး အကြမ်းဖက်မီးရှို့ခဲ့သော ကြောင့် စန်းမြို့ကျေးရွာရှိ လူနေအိမ် ၁၃၂လုံး မီးလောင်ပျက်စီးခဲ့ရသည်။

စစ်ကောင်စီတပ်နှင့် လက်ပါးစေ ပျူစောထီးများ၏ အကြမ်းဖက်ရန်ကြောင့် ဒေသခံအမြောက်အများမှာ နေရပ်စွန့်ခွာတိမ်းရှောင်နေရသည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

Public Service Announcement

Public Service Announcement

ယခင်နှစ် ဒီဇင်ဘာ၂၁ရက်ကလည်း စန်းမြို့ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးများက နေအိမ် ၃၂လုံးကို မီးရှို့ရာနေအိမ် ၂၈လုံးပြာကျပျက်စီးခဲ့ရသည်။

ထိုကဲ့သို့သော အကြမ်းဖက်မီးရှို့ဖျက်ဆီးမှုများကို အပြင်းအထန်ရှုတ်ချကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးသည်။

လက်ရှိတွင် စန်းမြို့ကျေးရွာ၌ စုစုပေါင်း နေအိမ်၁၆၀ မီးလောင်ပြာကျပျက်စီးခဲ့ရပြီး တစ်ရွာလုံးတွင် နေအိမ် ၃၂လုံးခန့်သာ ကျန်ရှိတော့သည်။

ထို့ကြောင့် ဂန့်ဂေါမြို့နယ်နှင့် ပြည်တွင်း၊ပြည်ပ မြန်မာပြည်သူများအနေဖြင့် ဂန့်ဂေါမြို့နယ်အတွင်း ထိခိုက်ဆုံးရှုံးမှုများအတွက် ဝိုင်းဝန်းကူညီပေးကြရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ​မေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook