Connect with us

Hi, what are you looking for?

News

ရေဦးမြို့နယ် ချမ်းသာရွာအနီးတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ၊ ခုနစ်ဦးခန့်သေဆုံးပြီး ဒဏ်ရာရသူများ

“ထန်းပင်ကုန်းကျေးရွာကနေ သံလမ်းတလျောက်ခြေလျင်ဆင်းလာတာပါဗျ။ စစ်ခွေးအင်အား ၄၀ ကျော်ပါ။ သံလမ်းလျောက်မိုင်းဆွဲခံရပြီး ၇ ဦးသေ၍ ထိခိုက်ဒဏ်ရာများရရှိထားပါတယ်”ဟု ဝေဟင်စွန်ရဲ(ရေဦး) မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

(ယမန်နေ့ညပိုင်းက ရေဦးမြို့နယ် လက်လန်တံတားအနီး လမ်းဘေးဆိုင်ခန်းများအား စစ်ကောင်စီတပ်က မီးရှို့ဖြစ်ဆီးခဲ့သည်ကို တွေ့ရစဥ်)

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ရှိ ကျေးရွာများအား စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနင်းမှုများလုပ်ဆောင်လျက်ရှိရာ ချမ်းသာရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရေဦးအခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သော ဝေဟင်စွန်ရဲ(ရေဦး)က လူထုနွေဦးသို့ ပြောသည်။

အင်အား ၄၀ကျော်ပါဝင်သည့် စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်းသည် ထန်းပင်ကုန်းရွာမှတစ်ဆင့် ရထားသံလမ်းအတိုင်း စစ်ကြောင်းထိုးလာရာ ယနေ့ (ဇန်နဝါရီ ၂၀)နေ့လယ် ၁ နာရီခန့်က ချမ်းသာရွာအနီးသို့အရောက်တွင် ပဒေသာမိုင်းသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဝေဟင်စွန်ရဲအဖွဲ့က ပြောသည်။

(ယမန်နေ့ညပိုင်းက ရေဦးမြို့နယ် လက်လန်တံတားအနီး လမ်းဘေးဆိုင်ခန်းများအား စစ်ကောင်စီတပ်က မီးရှို့ဖြစ်ဆီးခဲ့သည်ကို တွေ့ရစဥ်)

“ထန်းပင်ကုန်းကျေးရွာကနေ သံလမ်းတလျောက်ခြေလျင်ဆင်းလာတာပါဗျ။ စစ်ခွေးအင်အား ၄၀ ကျော်ပါ။ သံလမ်းလျောက်မိုင်းဆွဲခံရပြီး ၇ ဦးသေ၍ ထိခိုက်ဒဏ်ရာများရရှိထားပါတယ်”ဟု ဝေဟင်စွန်ရဲ(ရေဦး) မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

အထက်ပါတိုက်ခိုက်မှုများကို ဝေဟင်စွန်ရဲ(ရေဦး)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရေဦး)အပါအဝင် ဧရာအရှေ့ခြမ်း ဒေသကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်များသည် ချမ်းသာရွာသို့ဝင်ရောက် သောင်းကျန်းခဲ့ကြပြီး ချမ်းသာရွာခံဦးကြည်လင်းဆိုသူအား ဖမ်းဆီးသွားကြောင်း ဒေသကာ ကွယ်ရေးတပ်ဖွဲ့များက အတည်ပြုသည်။

စစ်ကောင်စီတပ်များသည် ဇန်နဝါရီ ၁၀ရက်ကလည်း ချမ်းသာရွာသားနှစ်ဦးကို အကြောင်းမဲ့ ပစ်သတ်ခဲ့ကြပြီး နေအိမ်များဖောက်ထွင်းကာ အတွင်းပစ္စည်းများ ယူဆောင်သွားခဲ့ကြသည်။

ထို့အပြင် ယမန်နေ့(ဇန်နဝါရီ ၁၉)ည ၇ နာရီခန့်က ရေဦးမြို့နယ် လက်လန်တံတားအနီးရှိ လမ်းဘေးဆိုင်ခန်းများအား မီးရှို့ဖျက်ဆီးခဲ့သေးသည်။

လက်ရှိအခြေအနေတွင် အကြမ်းဖက်စစ်ကောင်စီက ကျေးရွာများအတွင်း ဝင်ရောက်စီးနင်းခြင်း၊ ဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်းတို့ကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေရသည့် ဒေသခံပြည်သူ ၁၀၀၀ ဦးခန့်ရှိကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook