Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်က မြိုင်မှ ​ရေနံကျင်းများကို မီးရှို့ဖျက်ဆီး

ဇန်နဝါရီ ၁၈ရက်နှင့် ၁၉ရက် ညနေပိုင်းတွင်လည်း ဝယ်တောင်မြောက်တောနှင့် သပြေညိုရေနံမြေရှိ ရေနံကျင်းများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

(​​ဒေသခံပြည်သူများ၏ ရေနံကျင်းများကို အကြမ်းဖက်စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့သည်)

မကွေးတိုင်း မြိုင်မြို့နယ်ရှိ ရေနံမှော်များမှ ရေနံကျင်းများအား အကြမ်းဖက်စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်းဒေသခံများက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ ၂၀ရက်) နံနက် ၉နာရီမှ ၁၂နာရီအချိန်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ မြိုင်မြို့နယ်အတွင်းရှိ သပြေညိုရေနံမှော်မှ လက်ပံတိုရေနံမှော် လမ်းတစ်လျှောက်ရှိ ရေနံကျင်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း နွေဦးတော်လှန်ရေး-မြိုင်က ယ​နေ့သတင်းထုတ်ပြန်သည်။

(​​ဒေသခံပြည်သူများ၏ ရေနံကျင်းများကို အကြမ်းဖက်စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့သည်)

“လက်ပံတို မရောက်ခင် ကြက်ဆင်က ရေနံကျင်းတွေ ချက်ဖိုတွေ မီး၀င်ရှို့တယ်။ ရွာထဲ၀င်လာတော့ ကျွန်တော်တို့ပြေးရတယ်။ ဒရုန်းတွေနဲ့ တောင်ပေါ်တွေ ပတ်ကြည့်တယ်ဗျာ။ လက်ပံတိုရွာအနောက်ဘက်ကပ်လျက်ရေနံကျင်းတွေကိုလည်းမီးရှို့တယ်”ဟု ဒေသခံတစ်ဦးက ​ပြောသည်။

(​​ဒေသခံပြည်သူများ၏ ရေနံကျင်းများကို အကြမ်းဖက်စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့သည်)

ဇန်နဝါရီ ၁၈ရက်နှင့် ၁၉ရက် ညနေပိုင်းတွင်လည်း ဝယ်တောင်မြောက်တောနှင့် သပြေညိုရေနံမြေရှိ ရေနံကျင်းများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ ဇန်နဝါရီ ၁၃ရက်ကလည်းအကြမ်းဖက်စစ်ကောင်စီတပ်များသည် ကျောက်ခွက်နှင့် နယ်သတ်ရေနံမှော်ရှိ ရေနံကျင်းများ မီးရှို့ဖျက်ဆီးခဲ့သည်။

(​​ဒေသခံပြည်သူများ၏ ရေနံကျင်းများကို အကြမ်းဖက်စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့သည်)

အကြမ်းဖက်စစ်ကောင်စီတပ်သည် မကွေးတိုင်း၊ မြိုင်နယ်အနောက်ပိုင်းနှင့်မြောက်ပိုင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး အကြမ်းဖက်​နေကာ ကျေးရွာအများအပြားလည်း မီးရှို့ဖျက်ဆီးခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။