Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖာပွန်ခရိုင်ရှိ သစ်တစ်ပင်ကုန်း တပ်စခန်းတိုက်ပွဲ စစ်ကောင်စီတပ်မှ ၉ဦးသေ

ကော်သွေးကျိုးဒေသရှိ စစ်ကောင်စီတပ်ကိုလည်း ယမန်နေ့ နံနက်က ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန် သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ သစ်တစ်ပင်ကုန်းတပ်စခန်းကို ဇန်နဝါရီ ၂၁ရက်တွင် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၉ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု တပ်မဟာ(၅)က ယနေ့ ထုတ်ပြန် သည်။

ဇန်နဝါရီ ၁၈ရက်က သစ်တစ်ပင်ကုန်း တပ်စခန်းကို KNU တပ်မဟာ(၅)က ပထမအကြိမ်သွားရောက်တိုက်ခိုက်ခဲ့ပြီး သုံးရက်အကြာတွင် ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပထမအကြိမ် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်က တစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

KNU တပ်မဟာ(၅)တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၂၁ရက်တွင် ဖာပွန် -ကမမောင်းကြားရှိ ဖွေးထော်ရှု ရွာအနီး တွင်လည်း စစ်ကောင်စီတပ်ကို ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ယမန်နေ့ နံနက်ပိုင်း၌ပင် ရိက္ခာသည်ဆောင်လာသည့် စစ်ကောင်စီလက်အောက်ခံ BGF တပ်၏ ကားနှစ်စီးကို ခွေးသေနှင့် တောင်သုံးစခန်းအကြားတွင် ခြုံခိုတိုက်ခိုက်ရာ ကားနှစ်စီးလုံးပျက်စီးပြီး BGF တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ကော်သွေးကျိုးဒေသရှိ စစ်ကောင်စီတပ်ကိုလည်း ယမန်နေ့ နံနက်က ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန် သည်။

ထို့ကြောင့် ယမန်နေ့ တစ်ရက်တည်းတပ်မဟာ(၅) နယ်မြေတွင် နေရာ ​လေးခုထက်မနည်းတွင် ပစ်ခတ်မှု ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၄ဦးသေဆုံးကာ ခုနစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်လက်အောက်ခံ BGF တပ်ကလည်း ဖွေးထော်ရူ ကျေးရွာဒေသခံများ လုပ်ကိုင်စားသောက်ရာနေရာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ ဒေသခံများ စိုးရိမ်ကြောက်လန့်နေရသည်ဟု တပ်မဟာ(၅)က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။