Connect with us

Hi, what are you looking for?

News

ဖာပွန်ခရိုင်ရှိ သစ်တစ်ပင်ကုန်း တပ်စခန်းတိုက်ပွဲ စစ်ကောင်စီတပ်မှ ၉ဦးသေ

ကော်သွေးကျိုးဒေသရှိ စစ်ကောင်စီတပ်ကိုလည်း ယမန်နေ့ နံနက်က ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန် သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ သစ်တစ်ပင်ကုန်းတပ်စခန်းကို ဇန်နဝါရီ ၂၁ရက်တွင် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၉ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု တပ်မဟာ(၅)က ယနေ့ ထုတ်ပြန် သည်။

ဇန်နဝါရီ ၁၈ရက်က သစ်တစ်ပင်ကုန်း တပ်စခန်းကို KNU တပ်မဟာ(၅)က ပထမအကြိမ်သွားရောက်တိုက်ခိုက်ခဲ့ပြီး သုံးရက်အကြာတွင် ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပထမအကြိမ် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်က တစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

KNU တပ်မဟာ(၅)တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၂၁ရက်တွင် ဖာပွန် -ကမမောင်းကြားရှိ ဖွေးထော်ရှု ရွာအနီး တွင်လည်း စစ်ကောင်စီတပ်ကို ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ယမန်နေ့ နံနက်ပိုင်း၌ပင် ရိက္ခာသည်ဆောင်လာသည့် စစ်ကောင်စီလက်အောက်ခံ BGF တပ်၏ ကားနှစ်စီးကို ခွေးသေနှင့် တောင်သုံးစခန်းအကြားတွင် ခြုံခိုတိုက်ခိုက်ရာ ကားနှစ်စီးလုံးပျက်စီးပြီး BGF တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ကော်သွေးကျိုးဒေသရှိ စစ်ကောင်စီတပ်ကိုလည်း ယမန်နေ့ နံနက်က ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန် သည်။

ထို့ကြောင့် ယမန်နေ့ တစ်ရက်တည်းတပ်မဟာ(၅) နယ်မြေတွင် နေရာ ​လေးခုထက်မနည်းတွင် ပစ်ခတ်မှု ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၄ဦးသေဆုံးကာ ခုနစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်လက်အောက်ခံ BGF တပ်ကလည်း ဖွေးထော်ရူ ကျေးရွာဒေသခံများ လုပ်ကိုင်စားသောက်ရာနေရာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ ဒေသခံများ စိုးရိမ်ကြောက်လန့်နေရသည်ဟု တပ်မဟာ(၅)က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။