Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ် တပ်စွဲထား​သော သာ​ကေတ ​ဘောလုံးကွင်းကို ​ဖောက်ခွဲတိုက်ခိုက်

ဖောက်ခွဲမှုဖြစ်ပြီးချိန်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အခင်းဖြစ်သည့်နေရာအနီး၌ လမ်းပိတ်၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

People's Spring
People's Spring

ရန်ကုန်မြို့ သာကေတမြို့နယ်အ​တွင်း၌ အာဏာသိမ်းစစ်ကောင်စီများ တပ်စွဲထားသည့် ဘောလုံးကွင်းကို ဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း ဗမာ့နောက်ဆုံးတော်လှန် ရေးလက်နက်ကိုင်တပ်ဖွဲ့ (B.F.R.A.F)က​ သတင်းထုတ်ပြန်သည်။

ယ​နေ့(ဇန်နဝါရီ ၂၂ ရက်) ညနေ ၆ နာရီခွဲခန့်တွင် သာကေတမြို့နယ် နယ်မြေရုံးမှတ်တိုင်အနီးရှိ အာဏာသိမ်းစစ်ကောင်စီများတပ်စွဲထားသည့် ဘောလုံးကွင်းကို ဖောက်ခွဲမှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး Double Capကားတစ်စီး ၊ Faw ကားတစ်စီး ပျက်စီးခဲ့ကာ စစ်ကောင်စီတပ် သားများ ထိခိုက်မှုရှိ၊မရှိကို မသိရသေးကြောင်း B.F.R.A.F အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဖောက်ခွဲမှုဖြစ်ပြီးချိန်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အခင်းဖြစ်သည့်နေရာအနီး၌ လမ်းပိတ်၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

B.F.R.A.F အဖွဲ့သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့်နေရာများကို တိုက်ခိုက်မှုများပြုလုပ်နေသည့် အဖွဲ့ဖြစ်ပြီး ယခုလမှစတင်၍ စစ်ဆင်ရေး အရှိန်မြှင့်မည်ဖြစ်သောကြောင့် ပြည်သူများ မလိုအပ်ပဲ အပြင်မထွက်ရန် သတိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။