Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ် တပ်စွဲထား​သော သာ​ကေတ ​ဘောလုံးကွင်းကို ​ဖောက်ခွဲတိုက်ခိုက်

ဖောက်ခွဲမှုဖြစ်ပြီးချိန်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အခင်းဖြစ်သည့်နေရာအနီး၌ လမ်းပိတ်၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

People's Spring
People's Spring

ရန်ကုန်မြို့ သာကေတမြို့နယ်အ​တွင်း၌ အာဏာသိမ်းစစ်ကောင်စီများ တပ်စွဲထားသည့် ဘောလုံးကွင်းကို ဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း ဗမာ့နောက်ဆုံးတော်လှန် ရေးလက်နက်ကိုင်တပ်ဖွဲ့ (B.F.R.A.F)က​ သတင်းထုတ်ပြန်သည်။

ယ​နေ့(ဇန်နဝါရီ ၂၂ ရက်) ညနေ ၆ နာရီခွဲခန့်တွင် သာကေတမြို့နယ် နယ်မြေရုံးမှတ်တိုင်အနီးရှိ အာဏာသိမ်းစစ်ကောင်စီများတပ်စွဲထားသည့် ဘောလုံးကွင်းကို ဖောက်ခွဲမှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး Double Capကားတစ်စီး ၊ Faw ကားတစ်စီး ပျက်စီးခဲ့ကာ စစ်ကောင်စီတပ် သားများ ထိခိုက်မှုရှိ၊မရှိကို မသိရသေးကြောင်း B.F.R.A.F အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဖောက်ခွဲမှုဖြစ်ပြီးချိန်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အခင်းဖြစ်သည့်နေရာအနီး၌ လမ်းပိတ်၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

B.F.R.A.F အဖွဲ့သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့်နေရာများကို တိုက်ခိုက်မှုများပြုလုပ်နေသည့် အဖွဲ့ဖြစ်ပြီး ယခုလမှစတင်၍ စစ်ဆင်ရေး အရှိန်မြှင့်မည်ဖြစ်သောကြောင့် ပြည်သူများ မလိုအပ်ပဲ အပြင်မထွက်ရန် သတိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။