Connect with us

Hi, what are you looking for?

News

ယင်းမာပင်ခရိုင်မှ (၃၁၉)ရက်မြောက် ရွာပေါင်းစုံသပိတ်စစ်ကြောင်း ဆက်လက်ချီတက်

ယင်းသပိတ်စစ်ကြောင်းတွင် “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မုချတည်ဆောက်နိုင်ရမည်”၊ “အာဏာရှင်စနစ်ဟူသမျှ ကျရှုံးရမည်” စသည့် ကြွေးကြော်သံများဖြင့် ရွာများကို လှည့်လည်ဆန္ဒထုတ်​ဖော်ခဲ့သည်။

(ဓာတ်ပုံ - ကျေးရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီ)

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်အတွင်းရှိ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ယနေ့(ဇန်နဝါရီ ၂၃) နံနက်ပိုင်း၌ အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ရက်ပေါင်း (၃၁၉)ရက်မြောက်​နေ့အဖြစ် ဆက်လက် ချီတက်ဆန္ဒပြကြသည်။

(ဓာတ်ပုံ – ကျေးရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီ)

ယင်းသပိတ်စစ်ကြောင်းတွင် “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မုချတည်ဆောက်နိုင်ရမည်”၊ “အာဏာရှင်စနစ်ဟူသမျှ ကျရှုံးရမည်” စသည့် ကြွေးကြော်သံများဖြင့် ရွာများကို လှည့်လည်ဆန္ဒထုတ်​ဖော်ခဲ့သည်။

Public Service Announcement

“မကြာခင်ကာလမှာ အာဏာသိမ်းမှု တစ်နှစ်ပြည့်ပါတော့မယ်။ ဒါကြောင့် အာဏာသိမ်းစက တော်လှန်ရေးအပေါ်အားစိုက်မှုမျိုး ပြန်လည်အားစိုက်ပေးကြပါ။ နည်းနာအစုံအပေါ်ပြန်လည်အားစိုက်ပေးကြပါ။ အချင်းချင်း ပိုညီညွတ်တဲ့ ညီညွတ်ရေးကို တည်ဆောက်ကြရပါမယ်။ ဒီတော်လှန်ရေးရဲ့ အဆုံးအဖြတ်ဟာ လူထုပါပဲ။ အားလုံး ပိုပြီး ညီညွတ်စွာ အဆုံးထိ တော်လှန်ကြပါစို့ဗျာ” ဟု သပိတ်ဦးဆောင်သူတို့က တိုက်တွန်းနှိုးဆော်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်နဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် (၈+၁)=၉ (၉) ရွာ (၉)မိုင် ချီတက်လမ်းလျှောက်တဲ့ လှုပ်ရှားမှု ဒီကနေ့ (ဇွန် ၁၈) ပြုလုပ်ခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တပ်မ(၃၃)စစ်ကြောင်းက စစ်သားငါးဦး လက်နက်ခဲယမ်းယူပြီး အလင်းဝင်လာ

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ "Proof of Life" လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၈) မှာ ပြုလုပ်ခဲ့ပါတယ်။