Connect with us

Hi, what are you looking for?

LuduNwayOo

News

မြို့နယ်လျှပ်စစ်ရုံးသို့ ပို့​​သောမီတာခများသိမ်းဆည်းပြီးရပ်ကျေးအုပ်ချုပ်ရေးမှူးကို သတိပေးခဲ့ဟုရေနံချောင်း PDFထုတ်ပြန်

ယနေ့( ဇန်နဝါရီ ၂၄ရက်)တွင် မီတာခ ပို့ဆောင်သည့် အုပ်ချုပ်‌ရေးမှူးနှင့် အဖွဲ့အား ရေနံချောင်းPDFနှင့် Rangers Of Tropical Land(ROTL)တို့မှပူးပေါင်း တားဆီးပြီးသိမ်းယူခဲ့ခြင်းဖြစ်သည်ဟု​ဖော်ပြထားသည်။

ရေနံချောင်းမြို့နယ် ရွှေတုတ်ကန်ကျေးရွာရှိဒေသခံပြည်သူများထံမှ အတင်းအဓမ္မကောက်ယူထားသော လျှပ်စစ်မီတာခ (၈သိန်း)ကျပ်အား မြို့နယ်လျှပ်စစ်မီတာရုံးသို့ သွားရောက်ပို့ဆောင်စဉ် လမ်းခုလတ်တစ်နေရာ၌ တားဆီး သိမ်းယူခဲ့ကြောင်း ရေနံချောင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF) က ထုတ်ပြန်သည်။

ယနေ့( ဇန်နဝါရီ ၂၄ရက်)တွင် မီတာခ ပို့ဆောင်သည့် အုပ်ချုပ်‌ရေးမှူးနှင့် အဖွဲ့အား ရေနံချောင်းPDFနှင့် Rangers Of Tropical Land(ROTL)တို့မှပူးပေါင်း တားဆီးပြီးသိမ်းယူခဲ့ခြင်းဖြစ်သည်ဟု​ဖော်ပြထားသည်။

အုပ်ချုပ်‌ရေးမှူးအပါဝင် သွားရောက်ပို့ဆောင်သူ ၃ ဦးအား ပြင်းပြင်းထန်ထန် သတိပေး ဆုံးမခဲ့ကြောင်း၊ ၎င်းငွေကျပ်(၈သိန်း)အား အာဏာသိမ်းစစ်​ကောင်စီကို ​ခုခံ​တော်လှန်​နေ​သောတော်လှန်ရေးအတွက် အသုံးချသွားမည်ဖြစ်ကြောင်းလည်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။