Connect with us

Hi, what are you looking for?

News

ခင်ဦးနယ်တွင် ဖြတ်သန်းသွားလာ​သည့်ယာဥ်များ စစ်​ဆေးမှုကို ပူး​ပေါင်းခံယူရန် ​ဒေသကာကွယ်​ရေးတပ် ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်မှန်သမျှ သယ်ဆောင်လာသောပစ္စည်များအကုန် ဖျက်စီးသွားမည်ဖြစ်ကြောင်းလည်း သတိပေးသည်။

(ခင်ဦးမြို့နယ်အတွင်း ဖြတ်သန်းသွားလာသည့် ယာဥ်များကို ဒေသခံပြည်သူ့တပ်ဖွဲ့ မှ စစ်ဆေးနေစဥ်)

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း ဖြတ်သန်းသွား လာသည့် ယာဥ်များအနေဖြင့် ဒေသခံပြည်သူ့တပ်ဖွဲ့များ၏ စစ်ဆေးမှုကို ပူးပေါင်းဆောင်ရွက်ရန် Khin U Local Guerrilla Forceက ယနေ့(ဇန်နဝါရီ ၂၄ ရက်)တွင် ထုတ်ပြန်သည်။

ခင်ဦးမြို့နယ်တွင် စစ်​ကောင်စီတပ်မှ နယ်မြေစိုးမိုးမှုအသွင်ဖြင့် ကျေးရွာအချို့ကို တပ်စွဲထားသော် လည်း မြို့နယ်အတွင်း ဖြတ်သန်းသွားလာသည့် ယာဥ်များအား ဒေသခံကာကွယ်ရေးအဖွဲ့များမှ စစ်ဆေးမှုများ ပြုလုပ်လာနိုင်ခဲ့သည်။

(ခင်ဦးမြို့နယ်အတွင်း ဖြတ်သန်းသွားလာသည့် ယာဥ်များကို ဒေသခံပြည်သူ့တပ်ဖွဲ့ မှ စစ်ဆေးနေစဥ်)

“စစ်ဆေးမှုများပြုလုပ်ရာတွင် အေးဆေးစွာ အသာ တကြည်လက်ခံရန် မိဘပြည်သူများအနေဖြင့် အတူ တကွပူးပေါင်းဆောင်ရွက်ပေးကြပါရန် အထူးမေတ္တာရပ်ခံပါသည်”ဟု KUGFက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်မှန်သမျှ သယ်ဆောင်လာသောပစ္စည်များအကုန် ဖျက်စီးသွားမည်ဖြစ်ကြောင်းလည်း သတိပေးသည်။

Public Service Announcement

Public Service Announcement

ယခုလပိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီထုတ် ကုန်များကို စစ်ကိုင်း၊မကွေးနှင့် ကချင်ပြည်နယ်တို့၌ စစ်ဆေးတွေ့ရှိသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသီးသီးက ဖျက်ဆီးနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။