Connect with us

Hi, what are you looking for?

News

လူသားမျိုးနွယ်စုအပေါ် မြန်မာစစ်တပ် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည်မှာ သိသာထင်ရှားကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလ၌ပြော

အဓိကအားဖြင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကတိကဝတ်ပြုမှုနှင့် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၏ ခိုင်မာပြီး မမှိတ်မသုန် ထောက်ခံမှုတို့ဖြင့် မြန်မာ့စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို အပြီးတိုင်အဆုံးသတ်နိုင်မည်ဖြစ်ကြောင်း သံအမတ်ကြီးက အထက်ပါအစည်းအဝေး၌ ပြောသည်။

မြန်မာစစ်တပ်သည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှုနှင့် စစ်ရာဇဝတ်မှုများကို ကျူးလွန်နေသည်မှာ သိသာထင်ရှားကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက သက်သေအထောက်အထားများဖြင့် ကုလသမဂ္ဂ၌ ပြောကြားသည်။

မြန်မာစစ်တပ်၏ ပြစ်မှုများကျူးလွန်မှုကြောင့် ထိခိုက်ခံစားရသူများ ပိုမိုမတိုးပွားလာစေရန် ဆောင်ရွက်ပေးစေလိုပြီး လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှုနှင့် စစ်ရာဇဝတ်မှုအန္တရာယ်တို့မှ အကာအကွယ်ပေးနိုင်ရန် ကုလသမဂ္ဂပဋိဉာဉ်စာတမ်းနှင့်အညီ နိုင်ငံတကာအသိုက်အဝန်းက ဖြစ်နိုင်သည့်နည်းလမ်းစုံသုံးကာ အချိန်မီပြတ်သားစွာ ကာကွယ်ပေးရန် တာဝန်ရှိကြောင်း သံအမတ်ကြီးက တိုက်တွန်းသည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ဒီဇင်ဘာ ၂၄ ရက်တွင် ကျင်းပသော (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ (၅၆) ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး၌ မြန်မာ့စစ်တပ်မှ ပိုမိုဆိုးရွားသော ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်မည့် ရန်စွယ် အန္တရာယ်မှ ကာကွယ်နိုင်ရန် မြန်မာပြည်သူပြည်သားများသည် နိုင်ငံတကာ၏ အကူအညီနှင့် အကာအကွယ်ပေးမှုတို့ကို လိုအပ်နေသည်မှာ ရှင်းလင်းမြင်သာကြောင်း ထည့်သွင်းပြောကြားသည်။

အဓိကအားဖြင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကတိကဝတ်ပြုမှုနှင့် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၏ ခိုင်မာပြီး မမှိတ်မသုန် ထောက်ခံမှုတို့ဖြင့် မြန်မာ့စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို အပြီးတိုင်အဆုံးသတ်နိုင်မည်ဖြစ်ကြောင်း သံအမတ်ကြီးက အထက်ပါအစည်းအဝေး၌ ပြောသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းမှုဖြစ်စဉ် တစ်နှစ် တင်းတင်းပင် ပြည့်မြောက်တော့မည့်အချိန်တွင် အပြစ်မဲ့ပြည်သူ (၁၄၄၇) ဦး ကျော်သေဆုံးခဲ့ပြီး အခြားထောင်ပေါင်းများစွာသော ပြည်သူများမှာလည်း ဖမ်းဆီးထိန်းသိမ်းခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းများကို ခံနေရကြောင်း ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို အစီရင်ခံသည်။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းက မြန်မာ့စစ်တပ်အား ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်ရန် ကြိမ်ဖန်များစွာ တောင်းဆိုခဲ့သော်လည်း စစ်တပ်သည် ပြည်သူများ အပေါ် မည်သို့မျှ စဉ်းစားပေးခြင်းမရှိဘဲ ပြည်သူများ၏ ဆန္ဒကို လျစ်လျူရှုဆန့်ကျင်ကာ လူ့အခွင့်အရေးကို ဆိုးရွားစွာ ချိုးဖောက်၍ ပြစ်မှုမြောက်များစွာကိုသာ ကျူးလွန်လျက်ရှိကြောင်း ဆက်ပြောသည်။

ထို့အပြင် မြန်မာစစ်တပ်၏ အင်အားအလွန်အကျွံအသုံးပြုမှုနှင့် လူသားမဆန်သော ရက်စက်ကြမ်းကြုတ် မှုတို့ကြောင့် ပြည်သူများနှင့် ပြည်သူများ၏ အိုးအိမ်များ၊ ဘာသာရေးအဆောက်အအုံများ၊ ကျန်းမာရေး အဆောက်အဦများ၊ စာသင်ကျောင်းများနှင့် လယ်ယာပျိုးခင်းများ ပျက်စီးခဲ့ရ သည့် မြေပြင်အခြေအနေများကို သံအမတ်ကြီးက ကုလသမဂ္ဂ၌ ရှင်းလင်းသည်။

ထိုမျှမက အသက်သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းအပြင်၊ ရာနှင့်ချီသော ပြည်သူများသည်လည်း နီးစပ်ရာ နယ်မြေဒေသများသို့ ထွက်ပြေးရှောင်တိမ်းနေရပြီး အဆိုပါဒုက္ခသည်များတွင် မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ မိန်းမရွယ်လေးများနှင့် ကလေးငယ်များလည်း ပါဝင်ကြောင်း သံအမတ်ကြီးက ဆက်လက်ရှင်းပြသည်။

မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိစေရေး၊ ငြိမ်းချမ်းရေးနှင့် သာယာဝပြောမှု ပြန်လည်ပေါ်ထွန်းလာစေရေးတို့အတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ထိရောက် မြန်ဆန်၍ ညီညွတ်သည့် တုံ့ပြန်ဆောင်ရွက်မှုများ လုပ်ဆောင်ပေးကြရန် သံအမတ်ကြီးက ထပ်လောင်း တောင်းဆိုခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

Telenor ဌာနချုပ်ကို​နော်​ဝေရဲတွေနဲ့ စုံထောက်တွေက ဝင်ရောက်စစ်ဆေးရှာဖွေ

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အဖွဲ့ဝင် ၅၅ နိုင်ငံပါဝင်တဲ့ အာရှ-ပစိဖိတ်ဒေသအုပ်စုရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် စက်တင်ဘာ ၁၄ရက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။