Connect with us

Hi, what are you looking for?

News

စစ်ကောင်စီယာဉ်တန်းကို KNLA တိုက်ခိုက်၊ စစ်ကောင်စီတပ်သား လေးဦးသေဟု သထုံPDF ထုတ်ပြန်

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်မှ ၁၀မိနစ်ခန့်ကြာ ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ကားလမ်းဘေးရှိနေအိမ်တစ်အိမ်မှ ကလေးတစ်ဦး၏ ခြေထောက်ကျည်ထိမှန်ခဲ့ကြောင်းလည်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။

(KNLA တပ်ဖွဲ့ဝင်အချို့ကိုတွေ့ရစဉ်။ ဓာတ်ပုံ - Salween Press)

သထုံမြို့နယ် ပန်းတိန်ရိုး-မိုးကောင်း၌ စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂)က မိုင်းဆွဲတိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးပြီး လေးဦိးထက်မနည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ကြောင်း သထုံPDF က ထုတ်ပြန်သည်။

ယနေ့ (ဇန်နဝါရီ ၂၅ ရက်)နံနက် ၁နာရီက သွားရောက်တိုက်ခိုက်ခဲ့သည့် KNLA တပ်ဖွဲ့ဝင်များမှာ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း သထုံ PDFက အသိပေးသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်မှ ၁၀မိနစ်ခန့်ကြာ ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ကားလမ်းဘေးရှိနေအိမ်တစ်အိမ်မှ ကလေးတစ်ဦး၏ ခြေထောက်ကျည်ထိမှန်ခဲ့ကြောင်းလည်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။

KNU တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်တွင် ဇန်နဝါရီ ၁၇ရက်ကလည်း ရန်ကုန်-မော်လမြိုင်ကားလမ်းဘေး ရွှေသံလွင်တိုးဂိတ်နားရှိ စစ်ကောင်စီတပ်စခန်းတစ်ခု တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတစ်ဦး ပြင်းထန်စွာ ဒဏ်ရရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။