Connect with us

Hi, what are you looking for?

News

အာဏာသိမ်း(၁)နှစ်ပြည့် ဖေဖော်ဝါရီ ၁ရက်တွင် ပြည်လုံးကျွတ် အသံတိတ်သပိတ် ပြုလုပ်ရန် နှိုးဆော်

စစ်အာဏာသိမ်း(၁)နှစ်ပြည့် လာမည့်ဖေဖော်ဝါရီ ၁ရက်တွင် အကြမ်းဖက် စစ်ကောင်စီကို တိတ်ဆိတ်ငြိမ်သက်ခြင်းဖြင့်ဆန့်ကျင်သည့် ပြည်လုံးကျွတ် အသံတိတ်သပိတ်ပြုလုပ်ရန် တော်လှန်ရေးသပိတ် အင်အားစုများက တိုက်တွန်းနှိုးဆော်နေသနေ။

အဆိုပါ တိတ်ဆိတ်ငြိမ်သက်ခြင်း အသံတိတ်သပိတ် (Silent Strike)ကို ဖေဖော်ဝါရီ ၁ ရက် နံနက်၁၀နာရီမှ ညနေ ၄နာရီအထိ ပြုလုပ်မည်ဖြစ်ပြီး ညနေ ၄ နာရီတိတိတွင် အသံတိတ်သပိတ် အောင်မြင်ခြင်းအဖြစ် လက်ခုပ်တီးသပိတ်ကို ဆက်လက်လုပ်ဆောင်မည် ဖြစ်သည်။

” လူထုသန်းချီပါဝင်နိုင်သော Silent Stirke နဲ့ တနှစ်ပြည့်ကို စဖွင့်ပါမယ်။ မတ်လ ၂၄ ရက်နေ့၊ ဒီဇင်ဘာ ၁၀ ရက်နေ့များလိုပဲ လူထုတရပ်လုံး ညီညွတ်စွာနဲ့ လှည်းနေလှေအောင်းမြင်းဇောင်းပါမကျန် လာမယ့် ၁ ရက်နေ့ – Silent Strike မှာ ထပ်မံပါဝင်ပေးကြဖို့လိုပါတယ်။ ကိုတေဇာဆန်းစကားငှားသုံးရရင် ကျွန်တော်တို့ ပြည်သူများကို ယုံလို့ Silent Strike ကို ဆောင်ရွက်တာဖြစ်ပါတယ်။ ၂၀၂၂ ဟာ အကျပ်အတည်းအခက်အခဲများကို ရုန်းကန်တွန်းလှန်ပြီး လူထုတိုက်ပွဲဆင်နွှဲရမယ့်နှစ်ဖြစ်ပါတယ်။ ရုန်းကန်တွန်းလှန်မှုကနေ အောင်ပွဲဆီကို ချီတက်ကြပါမယ် “ဟု တကသကျောင်းသားဟောင်းများအင်အားစုမှ ကိုနန်းလင်းက သူ၏လူမှုကွန်ရက်တွင် ရေးသားထား သည်။

ထိုသို့ Silent Strike ပြုလုပ်မည့်နေ့ နံနက်၁၀နာရီမှ ညနေ ၄နာရီအချိန်အတွင်း ပြည်သူများအနေဖြင့် အိမ်တွင်နေထိုင်ပြီး စစ်ကောင်စီကြောင့် ကျဆုံးခဲ့သည့် ရဲဘော်များအတွက် ကောင်းမှုကုသိုလ်လုပ်ခြင်း၊ PDF တို့ကို ထောက်ပံရန် Click ရန်ပြုလုပ်ကြရန်လည်း တော်လှန်ရေးအင်အားစုက တိုက်တွန်းသည်။

အသံတိတ်သပိတ် လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ ” Silent Strike ကို ကျွန်တော်ကတော့ သဘောကျတယ်။ အကုန်လုံးပါဝင်နိုင်ဖို့က ဒီနည်းလမ်းကအလွယ်ဆုံးပဲလို့ပဲ ထင်တယ်။ Silent မှာပါဝင်လို့ ခက်ခဲသွားနိုင်တဲ့ လူတွေလဲအမြောက်များရှိနိုင်ပါတယ် သို့ပေမယ့် အချင်ချင်းပြန်ကူညီကြဖို့လဲ ပြင်ဆင်ထားကြရပါလိမ့်မယ်။ Silent Strike အပြင်အကုန်လုံးပါဝင်နိုင်အောင် လုပ်ဆောင်နိုင်တဲ့ လှုပ်ရှားမှုမျိုး ရှိမယ်လို့တော့ ကျွန်တော် မထင်ဘူး။ နောက်ပြီး ပါဝင်ရင် အကောင်းဆုံးဆိုပြီး ပါဝင်ဖို့ နှိုးဆော်နေတာမို့ အမိန့်ပေးတာလဲမဟုတ်ဘူး။ ခြိမ်းခြောက်တာလဲမရှိဘူး။ ကိုယ်လုပ်ဆောင်နိုင်သလောက် လုပ်လို့ရတဲ့ လှုပ်ရှားမှုမျိုးလို့ပဲမြင်မိတယ်။ တစ်ပြည်လုံး လမ်းပေါ်ထွက်ဖို့ အဆင်မှမပြေတာ တစ်ပြည်လုံးအချိန်ပိုင်း အိမ်ထဲမှာနေတာက ပိုအဆင်ပြေမယ် ထင်ပါတယ်” ဟု ရန်ကုန်မြို့နေ လူငယ်တစ်ဦးက ၎င်း၏အမြင်ကို ပြောသည်။

Public Service Announcement

Public Service Announcement

ယင်းကဲ့သို့ ပြည်လုံးကျွတ် အသံတိတ်သပိတ်ပြုလုပ်မည့်နေ့တွင် အကြမ်းဖက်စစ်ကောင်စီဝင်များနှင့် တပ်မတော်ထောက်ခံသူများက ထောက်ခံပွဲကို ရန်ကုန်မြို့တော်ခန်းမ မဟာဗန္ဓုလပန်းခြံဘေးတွင် ပြုလုပ်ရန်စီစဥ်ထားကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချအာဏာသိမ်းချိန်ကတည်းက မတရားဖမ်းဆီးထားတဲ့ သမ္မတ ဦးဝင်းမြင့်ကို အာဏာသိမ်းခေါင်းဆောင်က ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်မှာ လွှတ်ပေး လိုက်တယ်လို့ စစ်တပ်အတွက် ဝါဒဖြန့်ပေးနေတဲ့သတင်းမီဒီယာအချို့က ဖော်ပြလာပါတယ်။

သတင်း

စစ်တပ်က အာဏာသိမ်းခဲ့လို့ တိုင်းပြည်အတွင်း နိုင်ငံရေး ရှုပ်ထွေးမှုတွေ အကျပ်အတည်းတွေ ထပ်မံ ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။