Connect with us

Hi, what are you looking for?

News

ဖမ်းဆီးခံရပြီး ၁ ပတ်အကြာမှာ Dawei Watch ရဲ့ သတင်းသမားတွေ ပြန်လွတ်လာ

ဖမ်းဆီးခံရသူတွေကတော့ သတင်းထောက် ကိုဇော် ၊သတင်းထောက် မမိုးမြင့်နဲ့ ဒီဇိုင်နာ ကိုသားကြီးတို့ဖြစ်ပါတယ်။

တနင်္သာရီတိုင်း ၊ထားဝယ်ဒေသ အခြေစိုက် Dawei Watch သတင်းဌာန ရဲ့ ဖမ်းဆီးခံထားရတဲ့သတင်းထောက်တွေ ပြန်လွတ်လာပြီလို့ သက်ဆိုင်ရာသတင်းဌာနက ထုတ်ပြန်အသိပေးထားပါတယ်။

Dawei Watch ရဲ့ သတင်းထောက် ၂ ဦးနဲ့ ဒီဇိုင်နာ ၁ ဦးဟာ ဇန်နဝါရီလ ၁၈ ရက် ညသန်းခေါင်ယံ အချိန်မှာ စစ်ကောင်စီက နေအိမ်တွေ မှာလာရောက်ဖမ်းဆီးသွားခဲ့တာပါ။

ဖမ်းဆီးခံရသူတွေကတော့ သတင်းထောက် ကိုဇော် ၊သတင်းထောက် မမိုးမြင့်နဲ့ ဒီဇိုင်နာ ကိုသားကြီးတို့ဖြစ်ပါတယ်။

ဖမ်းဆီးခံရပြီး ၁ ပတ်အကြာမှာတော့ ၃ ဦးလုံး ပြန်လည်လွတ်မြောက်လာတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးခဲ့တဲ့ သတင်းသမားအရေအတွက်ဟာ ၄၀ ကျော်ရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။