Connect with us

Hi, what are you looking for?

News

ဖမ်းဆီးခံရပြီး ၁ ပတ်အကြာမှာ Dawei Watch ရဲ့ သတင်းသမားတွေ ပြန်လွတ်လာ

ဖမ်းဆီးခံရသူတွေကတော့ သတင်းထောက် ကိုဇော် ၊သတင်းထောက် မမိုးမြင့်နဲ့ ဒီဇိုင်နာ ကိုသားကြီးတို့ဖြစ်ပါတယ်။

တနင်္သာရီတိုင်း ၊ထားဝယ်ဒေသ အခြေစိုက် Dawei Watch သတင်းဌာန ရဲ့ ဖမ်းဆီးခံထားရတဲ့သတင်းထောက်တွေ ပြန်လွတ်လာပြီလို့ သက်ဆိုင်ရာသတင်းဌာနက ထုတ်ပြန်အသိပေးထားပါတယ်။

Dawei Watch ရဲ့ သတင်းထောက် ၂ ဦးနဲ့ ဒီဇိုင်နာ ၁ ဦးဟာ ဇန်နဝါရီလ ၁၈ ရက် ညသန်းခေါင်ယံ အချိန်မှာ စစ်ကောင်စီက နေအိမ်တွေ မှာလာရောက်ဖမ်းဆီးသွားခဲ့တာပါ။

ဖမ်းဆီးခံရသူတွေကတော့ သတင်းထောက် ကိုဇော် ၊သတင်းထောက် မမိုးမြင့်နဲ့ ဒီဇိုင်နာ ကိုသားကြီးတို့ဖြစ်ပါတယ်။

ဖမ်းဆီးခံရပြီး ၁ ပတ်အကြာမှာတော့ ၃ ဦးလုံး ပြန်လည်လွတ်မြောက်လာတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးခဲ့တဲ့ သတင်းသမားအရေအတွက်ဟာ ၄၀ ကျော်ရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ အောက်တိုဘာလအတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူ ၉၀ကျော်ရှိပြီး ရွေးကောက်ပွဲအပေါ်ဝေဖန်ပြောဆိုမှုဆိုတဲ့ အကြောင်းပြချက်နဲ့ ၉ဦးဖမ်းဆီးခံခဲ့ရတယ်လို့ မြေပြင်သတင်းတွေဖော်ပြနေတဲ့ Rangoon Scout Network -RSNက ဖော်ပြပါတယ်။

သတင်း

ရွေးကောက်ပွဲကို ပျက်စီးအောင် နှောင့်ယှက်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စစ်ကောင်စီဟာ သုံးလတာအတွင်း အမျိုးသား၊​အမျိုးသမီး စုစုပေါင်း ၈၈ဦးကိုဖမ်းဆီးထားပါတယ်။

သတင်း

ရန်ကုန်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေဟာ လူငယ်တွေကို မှောင်ရိပ်ခိုတယ်ဆိုပြီး ဖမ်းဆီးကာ ခြိမ်းခြောက်ငွေတောင်းမှုတွေလုပ်နေတယ်လို့ မြို့ခံ​တွေက​ပြောတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ကျောက်ကုန်း ရွာကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာပြီး ဒေသခံပြည်သူ ၁၁ ဦးခန့်ကို ဖမ်းဆီးထားတယ်လို့ ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။