Connect with us

Hi, what are you looking for?

News

မြို့ပြ​ပျောက်ကြားအဖွဲ့များကမုံရွာမြို့ အနှံ့ရှိစစ်​ကောင်စီ​ထောက်တိုင် ၁၄ ​နေရာထက်မနည်းဗုံးခွဲတိုက်ခိုက်

ဗိုလ်တေဇလမ်း My Tel တာဝါတိုင်ဖောက်ခွဲမှုတွင် စက်များထိခိုက်ပျက်စီးသွားသည်ဟုသိရကြောင်း၊ ထပ်မံပေါက်ကွဲနိုင်သည့်နေရာများရှိနေသေးသည့်အတွက် နောက်တိုးစာရင်း ကျန်ရှိနေသေးကြောင်း မြို့ပြပျောက်ကြားအဖွဲ့များက ​ပြောသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ အာဏာသိမ်းစစ်ကောင်စီတပ်စွဲထားသောနေရာများနှင့်စစ်ကောင်စီထောက်တိုင်နေရာများ စုစုပေါင်း ၁၄ နေရာထက်မနည်း ဗုံးဖောက်ခွဲမှူများ ပြုလုပ်ခဲ့ကြောင်း မုံရွာမြို့ပြပျောက်ကြားအဖွဲ့များက သတင်းထုတ်ပြန်သည်။

ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဘုရားနီအနီး ၁ လုံး၊ မြို့ပတ်လမ်း ၁ လုံး၊ ရန်ကင်းရပ်ကွက် ၁ လုံး၊ အဗန့်ချေးငွေလုပ်ငန်း ၂ လုံး၊ မုံရွာတောင်သုဿန်အနီး နွားခြံကုန်း ၁ လုံး၊ အေးရိပ်သာတောင်ဘက် ၂လုံး၊ ဗိုလ်တေဇလမ်းဘက် ၂ လုံး၊ ဗိုလ်တေဇလမ်း My Tel တာဝါတိုင် ၃ လုံး၊ နန္ဒဝန်ရဲစခန်းတစ်လုံး၊ မြဝတီဘဏ်နောက်ကြား ၁ လုံး၊ စက်မှုဇုန်ခန်းမပတ်ချာလည်၄ လုံး၊ နန္ဒဝန် EPC ၃လုံး၊ ဗိုလ်ချုပ်လမ်းရှိ KBZ ဘဏ် ၂ လုံး၊ စသုံးလုံးသို့ ၁ လုံး စသဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းမြို့ပြပျောက်ကြားအဖွဲ့များက အသိပေးသည်။

ဗိုလ်တေဇလမ်း My Tel တာဝါတိုင်ဖောက်ခွဲမှုတွင် စက်များထိခိုက်ပျက်စီးသွားသည်ဟုသိရကြောင်း၊ ထပ်မံပေါက်ကွဲနိုင်သည့်နေရာများရှိနေသေးသည့်အတွက် နောက်တိုးစာရင်း ကျန်ရှိနေသေးကြောင်း မြို့ပြပျောက်ကြားအဖွဲ့များက ​ပြောသည်။

အဆိုပါ ဖောက်ခွဲမှုများကို မုံရွာအခြေစိုက်Monywa Nightking၊ Monywa Phoenix Warrior၊ Monywa Ninja& ACF Monywa တို့က ပူးပေါင်းပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။