Connect with us

Hi, what are you looking for?

News

ဂန့်ဂေါမြို့နယ်တွင်တစ်နှစ်ခန့်အတွင်းကျဆုံးပြည်သူ ၇၆ ဦးရှိ

နွေဦးတော်လှန်ရေးကာလ ဖေဖော်ဝါရီ ၁ ရက်မှ ယခုနှစ်(၂၀၂၂)ဇန်နဝါရီအထိ ကျဆုံးပြည်သူ ၇၆ ဦးတွင် စက်တင်ဘာလတွင် ၂၉ ဦး၊ ဒီဇင်ဘာတွင် ၁၄ ဦးဖြင့် ကျဆုံးမှုအများဆုံးကာလဖြစ် သည်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွင် ဖေဖော်ဝါရီ ၁ ရက် စစ်အုပ်စုမှ အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးပြည်သူ ၇၆ ဦးရှိကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့(ဇန်နဝါရီ ၂၇)ထုတ် ပြန်သည်။

တော်လှန်ရေးကာလအတွင်း ကျဆုံးသူများတွင် PDF ရဲဘော် ၄၄ ဦးနှင့် အရပ်သားပြည်သူ ၃၂ ဦးပါဝင်ပြီး အသက်မပြည့်သေးသူ ၁၄ ဦးပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

တော်လှန်ရေးရဲဘော် PDF တပ်ဖွဲ့ဝင်များတွင် မိုင်းမတော်တဆမှုနှင့် စမ်းသပ်စဥ်ပေါက်ကွဲမှုကြောင့် ၁၁ ဦးကျဆုံးပြီး အရပ်သားပြည်သူ များအနက် မြင်သားရွာ အကြမ်းဖက်စီးနင်ခံရမှုတွင် ၁၈ ဦး၊ နှမ်းခါးရွာလေကြောင်းတိုက်ခိုက်မှုတွင် ၉ ဦး အသီးသီးကျဆုံးခဲ့သည်ဟု ထုတ် ပြန်သည်။ ကျဆုံးသူများရှိ​​သော်လည်း လူမသိ့ဘဲ ၊သတင်းအချက်အလက်မရရှိ၍ မသိ့ခြင်းများလည်းရှိနိုင်​သေးပြီး အမှန်တစ်ကယ်​သေဆုံးမှုမှာ ယခုထက်ပိုများနိုင်​ကြောင်းလည်းသိ့ရသည်။

နွေဦးတော်လှန်ရေးကာလ ဖေဖော်ဝါရီ ၁ ရက်မှ ယခုနှစ်(၂၀၂၂)ဇန်နဝါရီအထိ ကျဆုံးပြည်သူ ၇၆ ဦးတွင် စက်တင်ဘာလတွင် ၂၉ ဦး၊ ဒီဇင်ဘာတွင် ၁၄ ဦးဖြင့် ကျဆုံးမှုအများဆုံးကာလဖြစ် သည်။

Public Service Announcement

Public Service Announcement

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များ၏ အကြမ်းဖက်မှုများ၊ မတော်တဆဖြစ်ရပ်များကြောင့် ထိခိုက်ကျဆုံးမှုများရှိပါက ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ သတင်း ပေးပို့နိုင်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။