Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်က လွိုင်ကော်ဒေသခံ ရှစ်ဦးကို သတ်ဖြတ်ပြီး အိမ်သာကျင်းဟောင်းအတွင်း စွန့်ပစ်

လက်ရှိ လွိုင်ကော်မြို့အခြေအနေများအရ စစ်ကောင်စီတပ်က အရပ်သားများကို သတ်ဖြတ်မှုများ ဆက်တိုက်ပြုလုပ်နေ၍ နေရပ်မပြန်ရဲသေးဟု လွိုင်ကော်မြို့ခံက ပြောသည်။ စစ်ကောင်စီတပ်လက်ချက်ကြောင့် ယခုလအတွင်း လွိုင်ကော်ဒေသခံ ၂၀ ထက်မနည်း သေဆုံးနိုင်ကြောင်း ၎င်း ကဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က လွိုင်ကော်မြို့ နှင့် အနီးဝန်းကျင် နေရာနှစ်ခုတွင် အမျိုးသမီးနှင့် လူငယ်များအပါအဝင် ဒေသခံများကို ရက်စက်စွာ သတ်ဖြတ်ပြီး အိမ်သာကျင်း​ဟောင်းအတွင်း စွန့်ပစ်သွားကြောင်း လွိုင်ကော်ဒေသခံတစ်ဦးက ပြော သည်။

ဇန်နဝါရီ ၂၇ရက်တွင် လွိုင်ကော်မြို့နယ် နာနတ်တောရပ်ကွက် အစွန်နှင့် ရေယိုကျေးရွာထောင့်ရှိ အိမ်သာ ကျင်းဟောင်းထဲတွင် စစ်ကောင်စီက ရက်စက်စွာ သတ်ဖြတ်ပြီး စွန့်ပစ်ထားသော အလောင်း ခြောက် လောင်းတွေ့ရှိသဖြင့် ဒေသခံများက ဆယ်ယူပြီး သင်္ဂြိုလ်ပေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရက ထုတ်ပြန်ထားရာ အဆိုပါ ​ခြောက်ဦးသည်ဒေသခံများဖြစ်သည်ဟု လွိုင်ကော်မြို့ခံက အတည် ပြုသည်။

“ခြောက်ဦးက ဒေသခံ ကလေးတွေ။ အသက်တောင်မပြည့်ကြသေးဘူးတဲ့။ PDF လည်းမဟုတ်ဘူး ရပ်ကွက်သူ ရပ်ကွက်သားတွေ။နယ်ခံသူငယ်ချင်းတွေကို မေးကြည့်တော့ စကစက လုပ်တာပါပဲတဲ့။ဒီနေ့မနက်မှာ ထူဒူငံသမှာ သားအမိနှစ်ယောက် အဲဒီလိုပဲ မီးရှို့ပြီး သတ်ပြီး ကျင်းထဲပစ်ချလိုက်တယ်တဲ့။ အဲဒီနေရာက လွိုင်ကော်မြို့ပတ်ဝန်းကျင်လေးမှာပဲ။ ပန်ကန်းမရောက်ခင်လေးမှာပဲ။ မိုင်းလုံး၊ ရွာတန်း ရှည်၊ ထူဒူငံသပြီးမှ ပန်ကန်းဆိုတာရောက်တာ။ ကူညီရေးအဖွဲ့တွေက သူငယ်ချင်းတွေ ပြောပြတာ” ဟု မြို့ကို စွန့်ခွာ ပြီး စစ်ဘေးရှောင်နေရသည့် လွိုင်ကော်မြို့ခံက ပြောသည်။

Public Service Announcement

အဆိုပါ မိုင်းလုံး၊ ရွာတန်းရှည်နှင့် ပန်ကန်းဒေသများ သည် ကရင်နီဒေသ တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်ခဲ့သည့်နေရာများဖြစ်သည်။

Public Service Announcement

Public Service Announcement

လက်ရှိ လွိုင်ကော်မြို့အခြေအနေများအရ စစ်ကောင်စီတပ်က အရပ်သားများကို သတ်ဖြတ်မှုများ ဆက်တိုက်ပြုလုပ်နေ၍ နေရပ်မပြန်ရဲသေးဟု လွိုင်ကော်မြို့ခံက ပြောသည်။ စစ်ကောင်စီတပ်လက်ချက်ကြောင့် ယခုလအတွင်း လွိုင်ကော်ဒေသခံ ၂၀ ထက်မနည်း သေဆုံးနိုင်ကြောင်း ၎င်း ကဆိုသည်။

“ကျွန်တော်တို့ ကြားတာက စစ်ရှောင်တွေကို အိမ်ပြန်လာနေခိုင်းကြတယ်။ ပြန်လာပြန်တော့လည်း တစ် အိမ်တက်ဆင်းလိုက်မေး ရှိရင်လည်း သူတို့ လုပ်ချင်တာလုပ်တယ်။မရှိပြန်တော့လည်း အိမ်တွေကို ဖျက် ပြီး ပစ္စည်းယူတယ်လို့ အဲဒီလိုပြောကြတယ်။ သူတို့က ကားတွေနဲ့ သံတူရွင်းတွေ တူတွေ တစ်ခါ တည်း ပါပြီးသားတဲ့။လူရှိရင် စစ်တယ်မေးတယ်ပေါ့ဗျာ။မရှိရင်တံခါးပေါက်တွေခွာတာပေါ့ဗျာ။ ကျွန် တော်တို့ တော့ကိုယ့်အသက်ထက်ပိုအရေးမကြီးဘူးဆိုတော့မပြန်သေးဘူး။စိတ်ချရမှပြန်မယ်” ဟု၎င်းကဆိုသည်။

ဇန်နဝါရီ ပထမပတ်မှစ၍ ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်များအကြား လွိုင်ကော်မြို့ပေါ်တွင် တိုက်ပွဲများဖြစ်ခဲ့ရာ မြို့ခံအများစု စစ်ဘေးတိမ်းရှောင်နေကြရသည်။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်များက လေကြောင်းတိုက်ခိုက်မှုအပါအဝင် အရပ်သားများကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့၍ အရပ်သားများသေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်ဟာ အရုပ်နဲ့ ဖုန်းလုရင်း ညီမကို သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။ သူနဲ့အတူ တခြား ဆွေမျိုးရင်းခြာ ဆယ်ကျော်သက် တစ်ဦးလည်း အဖမ်းခံခဲ့ရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကမြစ်ခြေမြို့မှာကလေးငယ်တွေအပါအဝင်အရပ်သား၄၀ကျော်သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။