Connect with us

Hi, what are you looking for?

News

ပခုက္ကူတွင်ကင်းလှည့်​သောစစ်​ကောင်စီတပ်ကိုမိုင်းခွဲတိုက်ခိုက်၊ တပ်ကူလာ​သောအဖွဲ့ကိုပါထပ်မံတိုက်ခိုက်ပြီး​သေဆုံးထိခိုက်မှုရှိဟုထုတ်ပြန်

ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အနီးနားပတ်ဝန်းကျင်ပြည်သူများ၏ ပစ္စည်း ထိခိုက်ပျက်စီးမှုများ ထိတ်လန့်မှုများ ဖြစ်ပေါ်စေခဲ့လျှင်လည်း မိမိတို့ အဖွဲ့သားများမှ အနူးအညွှတ်တောင်းပန်ကြောင်း၊ ဘေးကင်းလုံခြုံရာ ဌာနဆီသို့ အဖွဲ့သားများ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း PKU Ranger အဖွဲ့က အသိပေးသည်။

မကွေးတိုင်း၊ ပခုက္ကူမြို့တွင် ယမန်နေ့ညက ကင်းပတ်လာသော စစ်ကောင်စီတပ်ဖွဲ့မိုင်းခွဲတိုက်ခိုက်ခံရပြီး တပ်ကူလာသောအဖွဲ့ပါ တိုက်ခိုက်ခံရသဖြင့် သေဆုံးထိခိုက်မှုများရှိကြောင်း ဒေသခံများကပြောသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့ည ၁ဝ နာရီကျော်က ပခုက္ကူ မြို့အတွင်းကင်းပတ်လာသော အကြမ်းဖက်စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက်မှု မသိရှိရဘဲ ပေါက်ကွဲမှုဖြစ်စဉ်ကို စစ်ဆေးရန် ထပ်မံရောက်ရှိလာသည့် အကြမ်းဖက်စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များအား ဒုတိယအကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိသွားပြီး ၂ ဦးထက်မနည်းသေဆုံးနိုင်ကြောင်း PKU Ranger အဖွဲ့က သတင်းထုတ်ပြန်သည်။

“အဝေးထိန်းနဲ့ တိုက်ခိုက်ခဲ့ တာပါ။ သူတို့ဘက်ကလည်း အတွဲလိုက် ပြန်ပစ်တယ်။ အချက်ရေအတော်များတယ်။ ဖြည့်စွက်ပြောချင်တာကတော့ ကျနော် တို့ဘက်က စခရခ တွေကို ရရာနည်းလမ်းနဲ့ တော်လှန်သွားမှာ ဖြစ်သလို ပြည်သူတွေဘက်ကနေလဲ တက်နိုင်တဲ့ဘက်ကနေ တက်နိုင်သလောက်လေး ကူညီပေးစေချင်တယ်ဗျာ။ ခက်ခဲနေကြတာကို နားလည်ပါတယ်ဗျာ။ အကူညီတွေတောင်းရတာလဲ အားနာပါတယ်။ နောက်က ထောက်ပံ့မူ့တွေနည်းသေးတော့ လုပ် ရတဲ့ အခြေနေတွေကို အားရမှုတော့နည်းတာပေါ့ဗျာ။”ဟု PKU Ranger အဖွဲ့ တာဝန်ရှိသူက People’s Spring သတင်းဌာနသို့ ပြောသည်။

ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အနီးနားပတ်ဝန်းကျင်ပြည်သူများ၏ ပစ္စည်း ထိခိုက်ပျက်စီးမှုများ ထိတ်လန့်မှုများ ဖြစ်ပေါ်စေခဲ့လျှင်လည်း မိမိတို့ အဖွဲ့သားများမှ အနူးအညွှတ်တောင်းပန်ကြောင်း၊ ဘေးကင်းလုံခြုံရာ ဌာနဆီသို့ အဖွဲ့သားများ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း PKU Ranger အဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

“၆ မိုင်ဝေးတဲရွာကနေတောင်ကြားရတာ တော်တော်ပြင်းတယ်။”ဟု ပခုက္ကူနယ်ခံတစ်ဦးကပြောသည်။

ပခုက္ကူအနောက်ခြမ်းတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်သံများလည်းကြားခဲ့ရကြောင်း၊ ယနေ့နံနက်ပိုင်းတွင် ပခုက္ကူမြို့အဝင် တင်းကျပ်စွာစစ်ဆေးနေကြောင်း မြို့ခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်ထဲက အိုင်ကြီးရွာနဲ့ ပေါက်တော ရွာက်ို အာဏာသိမ်း စစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ စက်တပ်လေထီးနဲ့ဗုံးကြဲတာကြောင့်အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်အချို့ဆီက သိရပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook