Connect with us

Hi, what are you looking for?

LuduNwayOo

News

ပခုက္ကူတွင်ကင်းလှည့်​သောစစ်​ကောင်စီတပ်ကိုမိုင်းခွဲတိုက်ခိုက်၊ တပ်ကူလာ​သောအဖွဲ့ကိုပါထပ်မံတိုက်ခိုက်ပြီး​သေဆုံးထိခိုက်မှုရှိဟုထုတ်ပြန်

ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အနီးနားပတ်ဝန်းကျင်ပြည်သူများ၏ ပစ္စည်း ထိခိုက်ပျက်စီးမှုများ ထိတ်လန့်မှုများ ဖြစ်ပေါ်စေခဲ့လျှင်လည်း မိမိတို့ အဖွဲ့သားများမှ အနူးအညွှတ်တောင်းပန်ကြောင်း၊ ဘေးကင်းလုံခြုံရာ ဌာနဆီသို့ အဖွဲ့သားများ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း PKU Ranger အဖွဲ့က အသိပေးသည်။

မကွေးတိုင်း၊ ပခုက္ကူမြို့တွင် ယမန်နေ့ညက ကင်းပတ်လာသော စစ်ကောင်စီတပ်ဖွဲ့မိုင်းခွဲတိုက်ခိုက်ခံရပြီး တပ်ကူလာသောအဖွဲ့ပါ တိုက်ခိုက်ခံရသဖြင့် သေဆုံးထိခိုက်မှုများရှိကြောင်း ဒေသခံများကပြောသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့ည ၁ဝ နာရီကျော်က ပခုက္ကူ မြို့အတွင်းကင်းပတ်လာသော အကြမ်းဖက်စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက်မှု မသိရှိရဘဲ ပေါက်ကွဲမှုဖြစ်စဉ်ကို စစ်ဆေးရန် ထပ်မံရောက်ရှိလာသည့် အကြမ်းဖက်စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များအား ဒုတိယအကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိသွားပြီး ၂ ဦးထက်မနည်းသေဆုံးနိုင်ကြောင်း PKU Ranger အဖွဲ့က သတင်းထုတ်ပြန်သည်။

“အဝေးထိန်းနဲ့ တိုက်ခိုက်ခဲ့ တာပါ။ သူတို့ဘက်ကလည်း အတွဲလိုက် ပြန်ပစ်တယ်။ အချက်ရေအတော်များတယ်။ ဖြည့်စွက်ပြောချင်တာကတော့ ကျနော် တို့ဘက်က စခရခ တွေကို ရရာနည်းလမ်းနဲ့ တော်လှန်သွားမှာ ဖြစ်သလို ပြည်သူတွေဘက်ကနေလဲ တက်နိုင်တဲ့ဘက်ကနေ တက်နိုင်သလောက်လေး ကူညီပေးစေချင်တယ်ဗျာ။ ခက်ခဲနေကြတာကို နားလည်ပါတယ်ဗျာ။ အကူညီတွေတောင်းရတာလဲ အားနာပါတယ်။ နောက်က ထောက်ပံ့မူ့တွေနည်းသေးတော့ လုပ် ရတဲ့ အခြေနေတွေကို အားရမှုတော့နည်းတာပေါ့ဗျာ။”ဟု PKU Ranger အဖွဲ့ တာဝန်ရှိသူက People’s Spring သတင်းဌာနသို့ ပြောသည်။

ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အနီးနားပတ်ဝန်းကျင်ပြည်သူများ၏ ပစ္စည်း ထိခိုက်ပျက်စီးမှုများ ထိတ်လန့်မှုများ ဖြစ်ပေါ်စေခဲ့လျှင်လည်း မိမိတို့ အဖွဲ့သားများမှ အနူးအညွှတ်တောင်းပန်ကြောင်း၊ ဘေးကင်းလုံခြုံရာ ဌာနဆီသို့ အဖွဲ့သားများ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း PKU Ranger အဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

“၆ မိုင်ဝေးတဲရွာကနေတောင်ကြားရတာ တော်တော်ပြင်းတယ်။”ဟု ပခုက္ကူနယ်ခံတစ်ဦးကပြောသည်။

ပခုက္ကူအနောက်ခြမ်းတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်သံများလည်းကြားခဲ့ရကြောင်း၊ ယနေ့နံနက်ပိုင်းတွင် ပခုက္ကူမြို့အဝင် တင်းကျပ်စွာစစ်ဆေးနေကြောင်း မြို့ခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။