Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်၍ ဒဏ်ရာရခဲ့သော သားအမိနှစ်ဦးကို ကောလင်းPDF ဆေးအဖွဲ့က ကုသပေး

ကောလင်းမြို့ ငပွေးကြီးရပ်ကွက်တွင် တပ်စွဲထားသည့်အကြမ်းဖက်စစ်ကောင်စီက ကန်လည်ကြီးရွာတွင်းသို့ ၆၀(မမ) နှစ်လုံးဖြင့် ဇန်နဝါရီ ၂၇ရက် ညနေတွင် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - ကောလင်း PDF

အရပ်သားများနေထိုင်သည့် ကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်၍ ဒဏ်ရာရခဲ့သော သားအမိနှစ်ဦးကို ကောလင်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆေးအဖွဲ့က ကုသပေးနိုင်ခဲ့သည်။

ကောလင်းမြို့ ငပွေးကြီးရပ်ကွက်တွင် တပ်စွဲထားသည့်အကြမ်းဖက်စစ်ကောင်စီက ကန်လည်ကြီးရွာတွင်းသို့ ၆၀(မမ) နှစ်လုံးဖြင့် ဇန်နဝါရီ ၂၇ရက် ညနေတွင် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

နေအိမ်တစ်အိမ်ပေါ်ကျရောက်ပေါက်ကွဲပြီး နေအိမ်အတွင်းမှ သားအမိနှစ်ဦး လက်နက်ကြီးစထိမှန်ဒဏ်ရာရခဲ့သည်ဟု ကောလင်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

သားအမိနှစ်ဦးအနက် မိခင်မှာ ခါးနောက်ကျောနှင့် ညာဘက် ခြေသလုံး ကျည်ထိမှန်ခဲ့သည်။ သမီးဖြစ်သူမှာ ဆီးခုံ၌ ဒဏ်ရာရခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆေးအဖွဲ့က အဆင့်ဆင့်ချိတ်ဆက် ကုသပေးခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ဒဏ်ရာရ အမျိုးသမီးနှစ်ဦးအား အချိန်မီ ဆေးကုသမှု ပေးနိုင်ရန် ကျေးရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အဖွဲ့၀င်များက မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆေးအဖွဲ့နှင့် ချိတ်ဆက်ပို့ဆောင်၍ ကုသမှုပေးခဲ့ရာ အသက်အန္တရယ် မစိုးရိမ်ရသောအခြေအနေကိုရောက်ရှိခဲ့ပြီဟု ယနေ့(ဇန်နဝါရီ ၂၉ရက်) ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်၍ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့် နေအိမ်ကို ကောလင်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ခဲ့ရာ ပျက်ဆီးမှုများပြားသည်ကို တွေ့ရသည်။

ထို့အပြင် အရပ်သားများကို ပစ်မှတ်ထားနေသည့် စစ်ကောင်စီ၏ ပရမ်းပတာပစ်ခတ်မှုများအတွက် ကုလနှင့်နိုင်ငံတကာအနေဖြင့် အမြန်ဆုံးအရေးယူရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။