Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင်များနှင့် ပတ်သက်သည့် ထုတ်ကုန်များ သပိတ်မှောက်ရာတွင် ပြည်သူအားလုံး ပူးပေါင်းကြရန် မင်းတပ်(ပအဖ) ထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စုက မင်းတပ်မြို့ပေါ်ရှိ စစ်ဘေးရှောင် ပြည်သူလူထုနေအိမ်နှင့် စျေးဆိုင်များ ချိတ်ပိတ်ရန် ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်ပြီး မင်းတပ် (ပအဖ)က ယနေ့ ကြေညာချက်ထုတ်ပြန်ရာ အထက်ပါအချက်ကို ထည့်သွင်းဖော်ပြသည်။

စစ်အာဏာရှင်မိသားစုနှင့် ပတ်သက်သည့် ထုတ်ကုန်များအား သပိတ်မှောက်ခြင်း ဆောင်ရွက်ရာတွင် ပြည်သူလူထုအားလုံး ပူးပေါင်းဆောင်ရွက်မှသာလျင် စစ်အုပ်စုအဖွဲ့၏ ရက်စက်ယုတ်မာမှု၊ လူသားမဆန်သည့် မင်းမဲ့စရိုက် ပြုလုပ်မှုအစရှိသည့် စစ်အာဏာရှင်စနစ်များ အမြန်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကို အမြန်တည်ဆောက်နိုင်မည်ဖြစ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်အုပ်စုက မင်းတပ်မြို့ပေါ်ရှိ စစ်ဘေးရှောင် ပြည်သူလူထုနေအိမ်နှင့် စျေးဆိုင်များ ချိတ်ပိတ်ရန် ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်ပြီး မင်းတပ် (ပအဖ)က ယနေ့ ကြေညာချက်ထုတ်ပြန်ရာ အထက်ပါအချက်ကို ထည့်သွင်းဖော်ပြသည်။

ထို့အပြင် မင်းတပ်မြို့နယ်အတွင်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်သော ဝန်ထမ်းများအား ဖမ်းဆီးအရေးယူ ဆောင်ရွက်သည့်အပြင် အပြစ်မဲ့ ပြည်သူလူထု၏ နေအိမ်များ စျေးဆိုင်များကိုလည်း တရားဥပဒေကင်းမဲ့စွာ ချိတ်ပိတ်အရေးယူမည်ဟု ခြိမ်းခြောက် ကြေညာခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ကြေညာချက်၌ ပါရှိသည်။

လာမည့် ဖေဖော်ဝါရီ ၁ရက်တွင် ပြုလုပ်မည့် အသံတိတ် သပိတ်တွင် ပါဝင်သူများအား ဖမ်းဆီးအရေးယူခြင်းများအား ဥပဒေကင်းမဲ့ မင်းမဲ့စရိုက်ဆန်စွာ ပြုလုပ်ရန် ကြံစည်မှုများကိုလည်းကြားသိရ၍ ပြင်းထန်စွာ ကန့်ကွက်ကြောင်း မင်းတပ်(ပအဖ)က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး အသက်သေဆုံးခဲ့ရကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အရှေ့ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်​​တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (စက်တင်ဘာ ၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဩဂုတ် ၃၀ရက်ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့ရာ မူလတန်းကလေးငယ်အပါအဝင် ပြည်သူ ၈ဦးသေဆုံးကာ ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

Facebook