Connect with us

Hi, what are you looking for?

LuduNwayOo

News

ညောင်ဦးမြို့တွင် တပ်ထောက်ခံပွဲပြုလုပ်ရန် စီစဥ်နေသူ အသတ်ခံရ

Myingyan Twenty one Guerilla Force(MTGF)၊ Guardians of Mahiaing ၊ Bagan Ogre Force နှင့် TTA ပြောက်ကျားတပ်(တောင်သာ)တို့ ညီနောင်အဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခြင်းဟု အသိပေးထားသည်။

(စစ်တပ်က အာဏာသိမ်းပြီးနောက် ညောင်ဦးမြို့ရှိ တပ်မ (၄၁၅)ရှေ့လမ်းတွင် ထောက်ခံပွဲပြုလုပ်နေသည်ကို ၂၀၂၁ ဖေဖော်ဝါရီ ၁၂ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ - Si Thu/ FB)

ညောင်ဦးမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ် ထောက်ခံပွဲပြုလုပ်ရန်စီစဥ်နေသူ ပျူစောထီးခေါင်းဆောင်၏ လက်ရုံး၊ ပျူစောထီးအဖွဲ့ဝင် ဦးတင်စိုးအား ယနေ့နံနက်အစောပိုင်းက သေနတ်ဖြင့် သုံးချက်ပစ်သတ်ခဲ့ကြောင်း ညီနောင်အဖွဲ့များက ‌အသိပေးသည်။

“ကျွန်တော်တို့အဖွဲ့နှင့် ညီနောင် Bagan Ogre Force မှ ဒလံဆက်လက်မလုပ်ရန် သတိပေးထားသော်လည်း တပ်ထောက်ခံပွဲ လုပ်ရန်ကြံစည်နေခြင်းကို ကျည်၃ချက်ဖြင့်တားဆီးလိုက်ပါတယ်။”ဟု 21ပြောက်ကျားတပ်ဖွဲ့မြင်းခြံ (MTGF)က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

Myingyan Twenty one Guerilla Force(MTGF)၊ Guardians of Mahiaing ၊ Bagan Ogre Force နှင့် TTA ပြောက်ကျားတပ်(တောင်သာ)တို့ ညီနောင်အဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခြင်းဟု အသိပေးထားသည်။

” မနက်စော FIT လမ်းက သူ့ဆိုင်မှာ ထိုင်နေတုန်း အသတ်ခံရတာလို့ကြားတယ်”ဟု ညောင်ဦးမြို့ ဒေသခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဦးတင်စိုးသည် ညောင်ဦးမြို့ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးလည်း ဖြစ်သည်။ ၎င်းအနားယူပြီးနောက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဌေးလွင်ကိုလည်း Myingyan Twenty one Guerilla Force(MTGF)နှင့် Bagan Ogre Forceက ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ရက်တွင် သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။